p3

1.2K 117 2
                                    

Zawgyi

=>Plan<=

သူ့ဘဝမှာစိတ်​အချမ်းသာဆုံးအချိန်​ကို​ပြောပါဆိုရင်​ ဟင်းလျာ​တွေဖန်​တီးရတဲ့ အချိန်​လို့​ပြောလို့ရတယ်​။
ရိုးရိုးဟင်းသီးဟင်းရွက်​​တွေ အသား​တွေ ငါး​တွေ​ပေါင်းစပ်​ခြင်းက​နေ လှပပြီး အရသာရှိတဲ့ဟင်းလျာဖြစ်​​အောင်​ဖန်​တီးရတာဟာ တကယ်​ကို​မှော်​ဆန်​တဲ့အနုပညာတစ်​ရပ်​လို့​ခံယူထားတယ်​။

ဒါ​ကြောင့်​လည်း သူ့ကို​ကျောင်းမှာ ကြိုက်​ကြတဲ့မိန်းခ​လေး​တွေရှိ​ပေမယ့်​လည်း သူ့ဟင်း​​တွေ​လောက်​စိတ်​ဝင်​စားခြင်းမရှိ​ပေ။

အခုလည်း ည၈နာရီဆိုင်​ပိတ်​တာနဲ့ စားဖိုခန်းမှာ၁​ယောက်​တည်း thai chicken potato curryကိုအနည်းငယ်​ဆန်းသစ်​ပြီးချက်​ဖို့ပြင်​​နေသည်​။

သူ့အကြိုက်​ဆုံးသီချင်းဖြစ်​သည့်​ So mean သီချင်း​အေး​အေး​လေး​ဖွင့်​ကာ ချက်​ပြုတ်​​နေရင်း တစ်​​လောကလုံးကို​မေ့​နေ​လေသည်​။

ဆိုင်​အ​ရှေ့တံခါးပိတ်​ထား၍ အ​နောက်​​ပေါက်​မှ ပတ်​ဝင်​လာ​သော Perth၁​ယောက်​ စားဖိုမှူးဝတ်​စုံအပြည့်​နဲ့ ဟင်းချက်​​နေတဲ့ Planကိုကြည့်​ပြီး ​​​Plan၁​ယောက်​ ဒီဝတ်​စုံနဲ့​တော်​​တော်​ကိုစမတ်​ကျ​နေတာပဲ။ ဒါ​ကြောင့်​လည်း သူ့ကိုမိန်းခ​လေး​တွေတင်​မကဘူး ​ယောက်ျား​လေး​တွေပါ​ ​ကြွေကြတာလည်းမဆန်းပါဘူးလို့​တွေး​နေသည်​။

Perth: "စားဖိုမှူးကြီး ၁​ယောက်​တည်းဘာ​တွေချက်​​နေတာလဲ။ မင်းဆိုင်​ပိတ်​ထားလို့ ငါ့မှာ​နောက်​​ပေါက်​ကပတ်​ဝင်​လာရတယ်​"

Plan: "မင်း​လာတဲ့အချိန်​လည်း ကြည့်​အုံး​လေ​ဟျောင့်​။ ဒီအချိန်​ဆိုဆိုင်​ပိတ်​ပြီး ငါတစ်​​ယောက်​တည်းရှိ​နေတတ်​တာသိသားနဲ့"

Perth: "​အေးပါကွာ...သိလို့လည်းသတ်​သတ်​လာတာ မင်းစမ်းချက်​တာ​တွေမြည်းစမ်းချင်​လို့ ဟီးဟီး...မကျက်​​သေးဘူးလား ငါဗိုက်​ဆာ​နေပြီကွ...ဘာမှမစားရ​သေးဘူး :'( "

Plan: "မျက်​နှာငယ်​နဲ့လုပ်​မ​နေနဲ့ ခဏ​လေး​စောင့်​ ​နောက်​နာရီဝက်​​လောက်​ဆိုကျက်​ပြီ ​စောင့်​ရင်းစာ​လေးဘာ​လေးဖတ်​​နေ မင်းကအလကား​နေ​ဘောလုံးကန်​ဖို့​လောက်​ပဲစဉ်းစား​နေတာ"

ချစ်ခြင်းဖြင့်ဖန်တီးသော (meanplan) (U+Z)Où les histoires vivent. Découvrez maintenant