=>Plan<=
Plan's line msg: "Mean!! ညနေ ၆နာရီလောက် 2 wishကိုလာခဲ့နော်"
နက်ဖြန် Meanမွေးနေ့အတွက် ဒီနေ့ထဲကကြိုပြီးလုပ်ပေးဖို့ ပြင်နေသည်။ Seintရော Perthရောကိုလည်း ဖိတ်ထားသေးသည်။ နောက်နှစ်တွေလုပ်ပေးနိုင်ဖို့ကလည်းမသေချာတော့ အခွင့်ရတုန်းလေး ဒီတစ်ကြိမ်ကို သေချာလေးလုပ်ပေးချင်သည်။ အဲ့တာကြောင့်ကျောင်းတောင်မသွားပဲ မနက်တည်းကတစ်ဆိုင်လုံး ပူဖောင်းတွေချိတ်လိုက် Bannerတွေတပ်လိုက်နဲ့ ၁ယောက်တည်း အလုပ်တွေရှုပ်နေခဲ့သည်။ နောက်ဆုံးအနေနဲ့ chocolateတစ်ထပ် cheeseတစ်ထပ် တစ်လွှာခြင်းစီထပ်ထားတဲ့cheese cakeလေးပေါ်မှာ Meanပုံကာတွန်းရုပ်လေးရယ် "Happy birthday Nong Mean"လို့ရေးပြီးသွားတဲ့အချိန်မှာ Perth အရင်ဆုံးရောက်လာသည်။
Perth : "ဝါး...မိုက်လှချည်လားကွ ပူဖောင်းတွေ
ရော bannerတွေနဲ့ရော မင်းကတော့အသေရိုတယ်နော်"Plan: သူ့အတွက် ငါလုပ်ပေးတဲ့ပထမဆုံးမွေးနေ့ဆိုတော့သေချာလေးလုပ်ပေးချင်လို့ကွ...နောက်နှစ်တွေဆိုတာမင်းသိတဲ့အတိုင်း...ငါကအဝေးရောက်နေမှာ...ငါပြန်လာတဲ့အချိန်ကျ မတွေ့ဖြစ်ကြတော့ဘူးဆိုရင်လည်း...""
ပြောရင်းအသံတိမ်ဝင်သွားတော့ သူ့ကိုကြည့်ရင်းPerthမျက်နှာမကောင်းချေ။
Perth: "လက်ရှိ မင်းတို့အခြေအနေကဘယ်လိုကြီးမှန်းမသိတာကခက်တာကွ။ သူငယ်ချင်းလည်းမကျ ညီအကိုလည်းမကျနဲ့ ...သူကအကုန်လုံးကိုပြောထားပြီးသား...သူမင်းကိုကြိုက်ပါတယ်ဆိုတဲ့အကြောင်း။အင်း... မင်းစိတ်ထဲမှာလည်း ၁ခုခုရှိနေတယ်ဆိုတာ ငါသိနေတယ် Plan။ ကြာရင် မင်းပဲနာကျဉ်ရမှာ"
Perth စကားတွေနားထောင်းရင်း တင်းထားတဲ့သူ့စိတ်တွေယိုင်လုလု....။ ဟင့်အင်း....မဟုတ်ဘူး။ meanအပေါ် သူချစ်တာက ချစ်သူလိုအချစ်မျိုးမဟုတ်ဘူး။ အကို၁ယောက်က ညီ၁ယောက်အပေါ်ချစ်ခင်တွယ်တာမှုမျိုး။ အဲ့လိုပဲဖြစ်ရမယ်။ ထွက်သွားရတော့မယ့် လူ၁ယောက်အနေနဲ့ ကျန်နေခဲ့မယ့်လူ၁ယောက်အပေါ် ဘာချုပ်နှောင်မှုတွေမှမထားခဲ့ချင်ဘူး။
CZYTASZ
ချစ်ခြင်းဖြင့်ဖန်တီးသော (meanplan) (U+Z)
RomansLbcထဲက Tin can char မဟုတ်ပဲ အပြင်က mean plan char နဲ့ေရးထားတာပါ။ 💚 တည်ငြိမ် ပြီး အစားအသောက်တွေဖန်တီးရတာနှစ်သက်တဲ့ food majorမှ P Planနဲ့ 💙 အမြဲတက်တက်ကြွကြွ ပေါ့ပါးနေတတ်တဲ့ journalism က Nong MMean ရယ် သူတို့နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာတွေအကြောင်...