Zawgyi
=>Plan<=
စူးရှတဲ့နေရောင်ကြောင့် မျက်လုံးတွေကျိန်းစပ်ကာ အိပ်ယာနိုးလာသည်။ ညကသောက်ထားသေးတဲ့အရှိန်ရယ် အိပ်တာနောက်ကျတာရယ်ကြောင့် ခေါင်းတစ်ဆစ်ဆစ်ကိုက်နေလေသည်။ Meanကိုလှမ်းကြည့်လိုက်တော့ ခုထိမနိုးသေးပေ။
Plan: "အင်း...သူနိုးလာရင် ဆေးသောက်ရမှာဆိုတော့ တစ်ခုခုတော့ချက်ထားမှရမယ်။ ခရုဆန်ပြုတ်...ဒါမှမဟုတ်ပုဇွန်ဆန်ပြုတ်ဆိုရင်ရော...တကယ်လို့ပင်လယ်စာတွေနဲ့မတည့်ဘူးဆို ...ကြက်သားဆန်ပြုတ်ပဲကောင်းမယ်ထင်တယ်...အား..စိတ်ရှုပ်လိုက်တာ မသိတော့ဘူး"
သူ့ဘဝမှာပထမဦးဆုံးအကြိမ် လူတစ်ယောက်အတွက်စိတ်ပူပေးရခြင်းဖြစ်သည်။ ကြက်သားဆန်ပြုတ်ပြင်ပေးပြီး သူကျောင်းသွားဖို့လုပ်တော့ Mean၁ယောက်နိုးလာသည်။
Plan: "Mean...မင်းနေမကောင်းသေးဘူးမှတ်လား။ ဒီနေ့တော့ ဒီမှာနေပေါ့။ ဆိုင်ကလည်းညနေမှဖွင့်တာဆိုတော့ တစ်နေကုန်ဘယ်သူမှမရှိဘူး။လွတ်လွတ်လပ်လပ်နေ ဟုတ်လား"
Mean: "P ကျွန်တော့်နာမည်ခေါ်တာ ပထမဆုံးပဲနော်။ဂရုစိုက်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။ ညကကျွန်တော့ကြောင့် Pလည်းတော်တော်ပင်ပန်းနေမယ်ထင်တယ်။ တောင်းပန်ပါတယ်"
Plan: "မင်းနာမည်ခေါ်တာ ဒါပထမဆုံးမဟုတ်ပါဘူးကွာ။ ငါလည်းခေါင်းနည်းနည်းကိုက်နေတာပဲရှိတာ။ သွားတော့မယ် မင်းဆန်ပြုတ်စားပြီးတာနဲ့ ဆေးသောက်လိုက်အုံးနော်။"
Mean: "Khawp-Knun-Khrap P!!
ဂရုစိုက်သွားနော် P
Sa-wat-di-Khrap P "တစ်P တည်း Pနေတဲ့ Meanကို လှည့်မကြည့်ပဲ လက်ပဲပြန်မြောက်ပြကာ ကျောင်းကိုထွက်လာခဲ့သည်။
ကျောင်းရောက်တော့ Perth ၁ယောက် သူ့အတန်းရှေ့မှာစောင့်နေလေသည်။Perth: "Mean ဘယ်လိုနေသေးလဲ။ အဆင်ပြေရဲ့လား။ ညကငါလည်းကူစောင့်ပေးချင်ပါတယ်ကွာ။ အိမ်ကအဆင်မပြေဘူးလေ ။မပြန်လို့ကလည်းမရတော့။"
أنت تقرأ
ချစ်ခြင်းဖြင့်ဖန်တီးသော (meanplan) (U+Z)
عاطفيةLbcထဲက Tin can char မဟုတ်ပဲ အပြင်က mean plan char နဲ့ေရးထားတာပါ။ 💚 တည်ငြိမ် ပြီး အစားအသောက်တွေဖန်တီးရတာနှစ်သက်တဲ့ food majorမှ P Planနဲ့ 💙 အမြဲတက်တက်ကြွကြွ ပေါ့ပါးနေတတ်တဲ့ journalism က Nong MMean ရယ် သူတို့နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာတွေအကြောင်...