deadline of a person

877 56 0
                                    

လေယာဉ်ပျံတွေစီးတယ် တိမ်စလေးတွေကို စားသုံးခဲ့တယ် အဇဋာပေါ်က ကြယ်တွေကို အိတ်ကပ်ထဲ ထည့်သိမ်းခဲ့တယ် ။

စက္ကန့်နှုန်းနဲ့အညီ လျော့နည်းလာနေတဲ့ ချစ်ခြင်းမေတ္တာတွေကို ကမ္ဘာပတ်ရှာခဲ့တယ် ။

အချိန်ဟာ ဘယ်တော့မှ ကျွန်တော့်သူငယ်ချင်းမဟုတ်ခဲ့တော့
ဒီလိုပဲ ငတ်မွတ်ခေါင်းပါးမှု ရှေ့မှာ အလဲလဲအကွဲကွဲ ပြိုကွဲခဲ့ရတာပေါ့။ အရာရာကို ဆုံးရှုံးပြီး ဆုံးရှုံးရင်းနဲ့ ဗလာလူသား ကျွန်တော့်ကို တွေ့ရင် စိတ်မပျက်ပါနဲ့လား ။

ဘဝတစ်လျှောက် သင်ယူလိုက်ရတာက
' မြတ်နိုးခြင်းတရားတွေ ပျောက်ချင်းမလှ ပျောက်ဆုံးနေတဲ့ ကဗျာက လူသေတစ်ယောက်လိုပဲ ' ဆိုတာကလွဲပြီး မရှိခဲ့လို့ ။ ။



Astrophile Where stories live. Discover now