ခင်ဗျား မျက်ရည်တွေကျမယ့်အစား ကောင်းကင်ကြီးပျက်စီးလို့ တိမ်တွေပြိုကျကာ ကျနော် သွပ်သွပ်ခါအောင် ရူးလိုက်မယ်...
ခင်ဗျား နာကျင်နေရမယ့်အစား ကျနော် အထပ်ထပ် အခါခါ ပြိုလဲလို့ သေလိုက်မယ်...
နှစ်ယောက်တည်းရှိပါတဲ့ ခင်ဗျားနဲ့ကျနော်... ဘယ်သူ့အတွက် ကမ္ဘာပျက်သလို ခံစားပေးရမှာလဲ ကျနော်မသိဘူး...
မရေရာတာတွေ မသိတာတွေကြားထဲက ခင်ဗျားအပေါ် ကျရောက်မယ့် ဂြိုဟ်ဆိုးတွေကို ကျနော်ပဲ သိမ်းကြုံးယူပစ်ချင်တာတော့ သေချာပါတယ်။ ကျနော် မလိမ်ချင်ဘူး။ ကျနော် အပိုင်းပိုင်းပြတ်နေတဲ့အချိန်မှာ ခင်ဗျားကို လေစိမ်းတွေတောင် ဖြတ်တိုက်တာမျိုး အဖြစ်မခံစေချင်ဘူး။ စောက်ရမ်းတွေ ကြီးကျယ်တယ်ဆိုပြီး ပြောရင်လည်းပြောပေါ့..။
ခင်ဗျားက အေးအေးဆေးဆေးပျော်။ ကျနော်က သေရာပါ ဒဏ်ရာတွေနဲ့ဖြစ်နေလည်း ခင်ဗျားကို ကြည့်ပြီး ပျော်မယ်လေ။
ကဲ.. ဘယ်လောက်တောင် ငြိမ်းချမ်းလိုက်သလဲ..
