DEAR JAY.,

1.1K 72 1
                                    

နတ်ဘုရားရဲ့ တန်ပြန်သက်ရောက်မှုတွေဖြစ်တဲ့ ဂျေးရဲ့ လက်ချောင်းတွေကို ဆုပ်ထွေးရင်း ပတ်ပြေးချင်တဲ့ စိတ်ကူးစိတ်သန်းတွေက လွင့်မြောဆဲပါပဲ

စာတွေ ကဗျာတွေနဲ့ ပုံဖော်လို့ရနိုင်ရင် ကျွန်တော်ကတော့ ပါးပေါ်ဖြတ်တိုက်တဲ့ လေပြေနုလေးတွေကို ဂျေးရဲ့ အနမ်းတွေလို့ ရူးရူးနှမ်းနှမ်းပဲ တွေးပစ်ပါတယ်။

တစ်လှမ်းပြေးတိုင်း ချောက်နက်ထဲ ပိုကျွံကျမယ်လို့ တွေးကြောက်နေရတာ တကယ့်ကို အဓိပ္ပါယ်မရှိတာပါပဲ ဒါပေမယ့် မတတ်နိုင်ဘူး ဂျေးရယ် ကျွန်တော်ကတော့ ခင်ဗျား ပါးချိုင့်ကို မမြင်နိုင်မယ့် နွံထဲများကျသွားခဲ့သည်ရှိသော် နေတတ်အောင် ကျင့်ယူနေတယ် .. 

ကောင်းကင်ကြီးက သိပ်ကို ဝမ်းနည်းတတ်သူမို့ ခုရက်ပိုင်းတွေက စမ်းတဝါးဝါးနဲ့ နေလုံးကို လိုက်ရှာနေရတာပါပဲ။ ညနေစောင်းတိုင်း စိုစွတ်စွတ်လမ်းမပေါ် ဖြတ်မောင်းလာတဲ့ ဘတ်စ်ကားပေါ်မှာ မပြီးဆုံးနိုင်တဲ့ အတွေးတွေက ချွတ်ချော်နေဆဲပဲ

တိမ်တွေပြိုတိုင်း ကျွန်တော် အော်ပြောဖြစ်တာလေးရှိတယ်
ဂျေးနဲ့ ကျွန်တော်ဟာ တစ်နယ်ခြားနေပါတယ် လို့
ကျွန်တော်ပြောတဲ့ ခြားနေတဲ့ နယ်ပယ်က မိုင်တိုင်တွေ စိုက်ထူလို့မရ ယူဇနာတွေနဲ့ တွက်ချက်လို့ မရနိုင်လောက်အောင်အထိ ဝေးရုံလေးပါပဲ ..။

ကျွန်တော်တို့တွေ ဘယ်လောက်ထိ ဝေးကြဦးမှာလဲ ?
မနီးစပ်ရင်း ထပ်ဝေးကြတော့မယ့်ပုံရှိတယ် ဂျေး ..

ကမ်းစပ်ရောက်တိုင်း ဝေလငါးပြာတွေရဲ့ တေးသီသံကိုများ ကြားရမလား မျှော်ပါရဲ့ ကျွန်တော်ကတော့ ဂျေးရဲ့ ဝေလငါးပဲတစ်ကောင်ပဲ ဖြစ်ပစ်လိုက်ချင်ပါတယ်

ဂျေးကတော့ ..
ကျွန်တော် ရယ်မယ့် ငိုမယ့် ပျော်မယ့် ဆွေးမယ့်
ရှင်သန်မယ့် ကျွန်တော့် တည်နေရာ ..
ကျွန်တော့် ပင်လယ်ကြီး ဖြစ်ပေးပါ့လား ဂျေး ..?

DEAR

                                ㅡ  J    A    Y  ㅡ

Astrophile Where stories live. Discover now