1

869 53 1
                                    

"ထတော့လေ Seung Wan"
"......."
"ဟဲ့Seung Wanထတော့လို့"
Kang Seul Giတစ်​ယောက်​သူငယ်​ချင်းမလေးSeung Wanအားနှိုးမရသဖြင့်​သူမ၏ပျော့ကွက်​အားသုံးရပေတော့မည်

"ဟဲ့Senior Joo Hyunအောက်​ထပ်​မှာရောက်​နေတယ်​တဲ့"

"ဟင်​"
ဟူသောအသံထွက်​လာပြီးငေါက်​ကနဲထထိုင်​လေသောSon Seung Wan။

"ခွိ"
ရယ်​သံထွက်​လာသောSeul Giထံသို့မျက်​စောင်းထိုးလိုက်​မိသည်

"ဒီလိုကျထသားနော်​ Seung Wan ခွီး"

ရယ်​သံနှောနေသောအသံဖြင့်​ပြောလာသောSeul Giကြောင့်​Seung Wanဒေါသကငယ်​ထိပ်​သို့ပင်​ရောက်​လာလေသည်​။

"Kang Seul Gi နင်​တော့လား!!"

"ဟိဟိ ကျောင်းရောက်​ရင်​တွေ့ရမှာပဲကိုဟာ အခုထလိုက်​တော့နော်​"

မျက်​နှာဖြီးပြပြီးပြောလိုက်​တာကြောင့်​Seung Wanတစ်​ယောက်​မျက်​စောင်းနောက်​တစ်​ချက်​ပစ်​ထိုးလိုက်​ကာထလာခဲ့တော့သည်​။

"မြန်​မြန်​ခြေလက်​သွားဆေးလိုက်​ Seung Wan ငါကအောက်​ထပ်​မှာလုပ်​ပြီးပြီ မနက်​စာကအောက်​မှာအန်​တီလုပ်​ပေးထားပြီ မြန်​မြန်​လုပ်​ပြီးဆင်းခဲ့လိုက်​"

Seul Giမိဘနှင့်​Seung Wanမိဘများကအရင်​ကတည်းကရင်းနှီးခဲ့ကြသည်​ Seul Giမူလတန်းလောက်​တုန်းကသူမ၏မိဘများအလုပ်​ကိစ္စဖြင့်​ခရီးသွားကာမေမေတို့ထံတွင်​ခဏတာအပ်​နှံခဲ့သည်​၊ သို့သော်​သူမ၏မိဘများသွားပြီး၃ရက်​အကြာတွင်​ထိုနိုင်​ငံသို့ကူးစက်​ရောဂါဝင်​ရောက်​သဖြင့်​မိဘနှစ်​ပါးလုံးဆုံးပါးခဲ့ရသည်​ ထိုအချိန်​သည်​Seul Giအတွက်​အလွန်​ပင်​ခက်​ခဲခဲ့ရသည်​။ထို့ကြောင့်​မေမေတို့မှSeul Giအားအိမ်​တွင်​နေခိုင်းကာသမီးအရင်းကဲ့သို့နေထိုင်​စေခဲ့သည်​၊ထိုကာလအတွင်းသူမမျက်​နှာတွင်​အရယ်​အပြုံးများချိတ်​ဆွဲမှုမရှိသလာက်​ပင်​။ယခုမူuni ပထမနှစ်​ကိုပင်​ရောက်​ရှိကာ ပျော်​ပျော်​နေတတ်​ကာအမြဲလိုလိုပြုံးနေတတ်​သည့်​Kang Seul Giအဖြစ်​သို့ပြောင်းလဲခဲ့လေပြီ။
.............................................................Seung Wanအောက်​ဆင်းလာတော့မနက်​စာသည်​အဆင်​သင့်​ Seul Giဆိုစားတောင်​စားပြီးနေပြီဖြစ်ကာဧည့်​ခန်းတွင်​ထိုင်​စောင့်​နေလေ၏။
သူမထမင်းစားပွဲဝိုင်းသို့အမြန်​ပင်​ဝင်​ထိုင်​လိုက်​သည်​ ခပ်​သွက်​သွက်​သာစားကာမေမေတို့ကိုနှုတ်​ဆက်​ပြီးထွက်​လာဖြစ်​သည်​။
မေမေတို့သည်​သာမာန်​လုပ်​ငန်းသာဖြစ်​သောကြောင့်​ကားနှင့်​ကျောင်းလိုက်​ပို့သည်​အထိမတတ်​နိုင်​ပေ။Seul Giနှင့်​သူမတို့စက်​ဘီးဖြင့်​သာကျောင်းသို့လာခဲ့ကြသည်​။
"Wannie!!"
ကိုယ့်​နာမည်​ကြားတာကြောင့်​မလှည့်​ချင်​လှည့်​ချင်​နှင့်​ပင်​လှည့်​လိုက်​ရသည်​ တစ်​လောကလုံးမှာဒီကအချောလေးကိုWannieလို့ခေါ်သည်​မှာSenior Joo Hyunသာရှိသည်​မို့ကြားရုံနှင့်​Seniorမှန်းတန်းသိလိုက်​သည်​။တစ်​နေ့တစ်​နေ့Wannieဆိုတာပါးစပ်​ကမချတမ်းခေါ်နေပြီးလာလာရောနေတော့တာပါပဲ။
"အတူတူသွားမယ်​လေ Wannieရဲ့"
ခုလဲကြည့်​ဦး အတူတူသွားမယ်​တဲ့လေ။

Wannie[Z+U]Where stories live. Discover now