3

268 32 2
                                    

[Zawgyi]

"မေမေမသွားလို့မရဘူးလား"

"သမီးရယ် မေမေမသွားမဖြစ်လို့ပါကွယ် ဖေဖေ့ကိုလည်းရိုသေနော် ကောင်းကောင်းမွန်မွန်ကြီးပြင်းလာနော်သမီးလေး"

မိန်းမကြီးတစ်ယောက်သည်သူမအားထွက်မသွားရန်တောင်းဆိုနေသောကလေးမငယ်လေး၏ခေါင်းကိုပွတ်ပေး၍ချော့နေသည်။

"ကျစ် မပြီးနိုင်တော့ဘူး သွားစရာရှိသွားတော့ကွာ! အိမ်တော်ထိန်းကင်လာစမ်း! Joo Hyunကိုအခန်းထဲခေါ်သွားတော့ မင်းလဲသွားတော့"

ထိုအခါအမေဖြစ်သူသည်အိမ်မှလှည့်ထွက်၍ခြေသုံးလှမ်းလောက်လှမ်းပြီးချိန်တွင်အော်သံတစ်ခုကြောင့်ခြေလှမ်းများရပ်တန့်သွားရသည်။

"မသွားပါနဲ့ မေမေ မသွားပါနဲ့!!"

ကလေးမငယ်သည်ငိုသံပါဖြင့်ထွက်သွားခြင်းကိုတားဆီးနေသည်။
သို့သော်သူမ၏အမေဖြစ်သူမှာလှည့်မကြည့်ပဲထွက်သွားခဲ့လေသည်။

"မသွားပါနဲ့!"
Joo Hyunနိုးလာခဲ့တယ်။
ပြတင်းပေါက်ကိုလှမ်းကြည့်မိတော့အလင်းရောင်လေးတော့မြင်နေရတယ် သို့သော်အနည်းငယ်သာမြင်ရခြင်းဖြစ်သည်။
မိုးလင်းခါစအချိန်မို့အလင်းရောင်အနည်းအငယ်သာမြင်ရခြင်းပင်။
ပုံမှန်ဆိုနောက်ကျမှထတတ်ပေမယ့်ဒီကနေ့တော့အစောကြီးနိုးနေခဲ့သည်။စောစောနိုးလာခဲ့သည်မှာအိပ်မက်ကြောင့်ဖြစ်လိမ့်မည်။
သူမအိပ်မက်အကြောင်းပြန်တွေးမိသွားတော့ရင်ထဲမကောင်းပါ။၃နှစ်သာရှိသေးသည့်အချိန်တွင်သူမအမေသည်အဖေနှင့်ကွာရှင်းရ၍ထွက်သွားရလေသည်။
ထွက်သွားချင်၍တော့မဟုတ်ခဲ့ပါ။
နှစ်ဦးသားပြဿ နာဖြစ်ကာအဖေ့ဘက်မှအတင်းကွာရှင်းခိုင်းခဲ့ခြင်းကြောင့်သာဖြစ်သည်။
စိတ်ညစ်ညစ်နှင့်ပင်Joo Hyunအိပ်ယာမှထလိုက်သည်။
စောစောနိုးနေသောကြောင့်အပြင်တွင်ဆူညံသံများသိပ်မကြားရသေးပါ။
မျက်နှာသစ် သွားတိုက်လုပ်ပြီးကျောင်းသွားရန်ပြင်ဆင်လိုက်သည်။
ဲဒီပုံစံအတိုင်းဆို ကျောင်းကိုစောစောရောက်တော့မယ်ထင်ပါရဲ့...။

ကျောင်းသွားရန်အဝတ်အစားစုံလင်စွာဝတ်ပြီးအောက်ဆင်းသွားလိုက်သည်။

Wannie[Z+U]Where stories live. Discover now