သူမတို့လမ်းလျှောက်လာကြပြီး Seung Wan က ဆိုင်တစ်ခုရှေ့မှာ ရပ်လိုက်
တယ် ။ Joo Hyun ကြည့်လိုက်တော့ ဒိုးနပ်ဆိုင် ။" စီနီယာ မုန့်ဝင်ဝယ်မယ်နော် "
ထုံးစံအတိုင်း ပြုံးပြီးပြောလာတယ် ။ Joo Hyun ခေါင်းငြိတ်ပြလိုက်တယ် ။
နောက်တော့ ဆိုင်တံခါးဖွင့်ပြီး ဝင်သွား
ပြီဖြစ်တဲ့ Seung Wan နောက်ကို
လိုက်သွားလိုက်တယ် ။Wannie က မုန့်တွေကိုလက်ညိုးထိုးကာ ကောင်တာကအစ်မကကို ပြုံးရင်းပြောနေတာကို ကြည့်ရင်း Joo Hyun ပါပြုံးမိလေရဲ့ .. ။
တစ်ကယ်တမ်း သူမဘဝမှာ ဒီလိုမိန်းက
လေးတစ်ယောက်ကို ချစ်သွားမိလိမ့်မယ် လို့ ယောင်လို့တောင်မတွေးဖူးတဲ့ ကိစ္စပဲ ။ဒီလို မြတ်နိုးဖွယ် မိန်းကလေးဟာ သူမဘဝထဲ သူမအတွေးထဲ ရောက်လာ
အောင် ဖန်တီးပေးခဲ့တဲ့ ကံကြမ္မာကို သူမမှာ ကျေးဇူးတင်မဆုံးဖြစ်ရတယ် ။သူမတွေးမိတယ် ။ ဒီမိန်းကလေးကို
ပိုင်ဆိုင်ခွင့်ရတဲ့သူလောက် ကံကောင်း
မယ့် သူမရှိလောက်တော့ဘူး ။နှစ်ဆယ်ကျော်သက်မှာ သဘောကျ ခဲ့တဲ့ ဒီမိန်းကလေးကို တစ်သက်လုံး သဘောကျ သွားချင်တယ် ။
ချစ်ခဲ့ရလို့ နောင်တဆိုတာ ရှိလာမယ်ကို မထင်မိဘူး ။" သွားမယ်လေ စီနီယာ "
ပြုံးပြရင်း ပြောလာတဲ့ Seung Wan ကို
ကြည့်ရင်း သူမပါ ပြုံးမိတယ် ။တစ်ခါတစ်လေတော့လည်း အပြုံးတွေကို ဖောဖောသီသီသုံးနေတဲ့ ဒီမိန်းကလေး
ကြောင့် သူမမှာ ရင်ခုန်မှုနှုန်းတွေတိုးရ
တယ် ။နောက်တော့ သူမတို့နှစ်ယောက် အတူတူ လမ်းလျှောက်ဖြစ်ကြပြန်တယ် ။
တစ်ချက် တစ်ချက် လမ်းလေးတွေဟာ ထိယှက်မိကြသေးရဲ့ ။
ထိမိသွားရင် Seung Wan ရဲ့ ခပ်ဖွဖွ
ရယ်သံလေးကိုလည်း ကြားရတယ် ။Joo Hyun အတွက်တော့ ဒီနေ့က မမေ့
ပစ်ချင်စရာ နေ့လေးဖြစ်လာတော့မှာ ။ အ
မြဲအမှတ်ရနေမိတော့မှာ ။" ဒီမှာ စီနီယာ "
Seung Wan ကပြောလည်းပြော သူမ
လက်ကိုပါ ဆွဲပြီး ကစားကွင်းထဲဝင်သွား
တယ် ။Joo Hyun က ဆွဲသွားတဲ့နောက်ကို တောင့်တောင့်ကြီး ပါသွားပြီး အဆွဲခံထားရတဲ့ လက်ကိုပဲ ကြည့်နေမိတယ် ။
ဒီလိုခံစားချက်က ကြည်နူးစရာပဲ .. ။
တစ်သက်လုံး ဒီလိုလေးကြည်နူးရတဲ့ ခံစားချက်မျိုးနဲ့ နေသွားချင်မိတယ် ။Seung Wan က ကိုင်ထားတဲ့လက်ကို ပိုတင်းအောင်ကိုင်လိုက်တယ် ။ သူမ လှည့်
ကြည့်မိတော့ ခုံတန်းရှည်တစ်ခုကို
လက်ညိုး ထိုးပြတယ် ။" စီနီယာ အဲ့ဒီမှာ ခဏစောင့်ပေးနော် ကလေးတွေကို မုန့်သွားပေးဦးမယ် "
ပြုံးရယ်ကာ ပြောနေတဲ့ Seung Wan ကို
ကြည့်ရင်း Joo Hyunပါပျော်ရတယ် ။ခုံတန်းရှည်လေးဆီ လျှောက်သွားကာ
သူထိုင်လိုက်တယ် ။ဒီလိုဆိုတော့လည်း ဘဝဟာနေပျော်
တယ် ။ စိတ်ဒဏ်ရာတွေအများကြီးရပြီးတဲ့နောက်ပိုင်း ပေါ့ပေါ့ပါးပါးပဲ
ဖြတ်သန်းလိုတော့တယ် ။နောက်ပြီး အဲ့ဒီမိန်းကလေးဟာ ကျွန်မအတွက်တော့ ကျေးဇူးတင်စရာပဲ .. ။
ပျော်ရွှင်မှုဆိုတဲ့ အဓိပ္ပါယ်ရဲ့အနက်ကို သူမကြောင့် သိခဲ့ရတာ ။
လူတွေက ပျော်ရွှင်မှုကို အမျိုးမျိုးအဓိပ္ပါယ် ဖွင့်ကြပါလိမ့်မယ် ။ ကျွန်မရဲ့ ပျော်ရွှင်မှုကတော့ လူတစ်ယောက်ဖြစ်နေပါတယ် ။ကလေးတွေနဲ့ မုန့်ပေးရင်း ပျော်နေတဲ့ Wannie ကိုကြည့်ရင်း သူမကိုယ်တိုင်တောင် သတိမထားမိပဲ အကြိမ်ကြိမ်ပြုံးမိတယ် ။ ဒီကြည်နူးရခြင်းတွေဟာ
ဘယ်အရာနဲ့မလဲ နိုင်မှာ အသေအချာပါပဲ။ခဏကြာတော့ Wannie ကသူမ နားလျှောက်လာတယ် ။
" ကလေးတွေက တစ်ကယ်ဖြူ စင်ကြ
တယ် .. "Wannie က ကလေးတွေကို ငေးရင်း
ပြောတယ် ။ ကျွန်မကလဲ သူမကိုငေး
ရင်း .. အဲ့ဒီအချိန်ပိုင်းလေးက
တစ်ကယ်ကိုလှနေခဲ့တယ် ။ဒီအချိန်ကစပြီး ကျွန်မအမြဲတောင်းနေတော့မယ့်ဆုဟာ တစ်ခုတည်း ။
' သူမရဲ့အနားနားအမြဲရှိနေဖို့ ' ပေါ့ ။..........................................................
တိုသွားတာသိပါတယ် ဒါပေမယ့်လဲ Update မလုပ်တာကြာပြီမို့ တင်ပေး
ချင်လို့ပါ ဟီး 💚
YOU ARE READING
Wannie[Z+U]
Fanfictionထာဝရဆိုတာထက် အခုချိန်လေး အတူတူ ရှိနေရရုံ သူမက ကျေနပ်တယ် ။ Red Velvet Irene X Wendy ထာဝရဆိုတာထက် အခုချိန်လေး အတူတူ ရှိနေရရုံ သူမက ကျေနပ်တယ် ။ Red Velvet Irene X Wendy