စစ်ဟာအဖမဲ့သားကို ဖန်တီးသည် ။
တစ်ဖန် စစ်ဟာပင်ပဲ သားမဲ့အမိကို ဖန်တီးပြန်သည် ။
အမေတစ်ယောက်၏သား ၊ မိန်းမတစ်ယောက်၏ ခင်ပွန်း ၊ ကလေးတစ်ယောက်၏ ဖခင်ကို မရဏဆီပို့ဆောင်သည် ။
စစ်ဟာ သေဆုံးခြင်းကို ခေါ်ဆောင်သည် ။ ငတ်ပျက်သူကို ဖန်တီးသည် ။ အိမ်မက်ဆိုးနှင့် ပျက်စီးခြင်းတွေကို သယ်ဆောင်ယူသည် ။
ငိုကြွေးခြင်းတို့နှင့် မိခင်ကမ္ဘာမြေကြီး ပျက်စီးရသည် ။
လောဘ ၊ ဒေါသ ၊ မောဟတို့ရဲ့တိုက်ပွဲတွင် အပြစ်မဲ့ပြည်သူများဟာ မြေစာပင်သက်သက် ။ကျွန်တော်စစ်ကို မုန်းသည် ။ သို့သော် စစ်ပါဝင်နေသော အတိတ်တွေကိုတော့ ကျွန်တော်မြတ်နိုးသည် ။
~~~~~~~~~~~
1945 ခုနှစ်၏ နှစ်ဦးပိုင်း ~။ ဒုတိယကမ္ဘာစစ်ရဲ့ စစ်တွင်းကာလ ။ ဘယ်နိုင်ငံ ဘယ်နေရာမှာမဆို အနိဋ္ဌာရုံမြင်ကွင်းတို့နှင့် အတိ ။ သေနတ်သံနှင့် ယမ်းငွေ့တွေဟာ မကြားချင် မမြင်ချင်မှ အဆုံး ။
နိုင်ငံကြီးများရဲ့လက်နက်အားပြိုင်မှုတွင် တောင်ကိုရီးယားနိုင်ငံဟာ ဓားစာခံဖြစ်ခဲ့ရသည် ။ စစ်တွင်းကာလရဲ့ စီးပွားရေးဟာ ကျဆင်းလျက် ။ မင်းမဲ့ဥပဒေဟာ ရမ်းကားလျက် ။ နိုင်ငံ့အကြီးအကဲတို့သည် အရင်းရှင်ဆန်လျက် ။ မကောင်းသူတို့ ကြီးပွားကာ ကောင်းသူများ ဆုတ်ယုတ်ရသော ကာလ ။ အမေရိကန်တွေကြီးစိုးနေသော ကာလ ဖြစ်သည် ။
မေမေပြောတာကတော့ ကျွန်တော့်အသက်လေးနှစ်မှ စစ်ကြီးစဖြစ်ပြီး မေမေတို့ စစ်ရှောင်ရင်း လမ်းမှာ ကျွန်တော်ချစ်ရတဲ့ ဘွားဘွားကြီးဟာ သေဆုံးခဲ့ရသည်တဲ့ ။ သို့သော်ထိုအချိန်မှာ ကျွန်တော်ဟာ သိပ်ငယ်လွန်းသေးတာကြောင်း ဘာမှမမှတ်မိခဲ့သည်က အမှန်ပင် ။ ယခုမူကတော့ နိုင်ငံကို အမေရိကန်စစ်အစိုးရက အုပ်စိုးလျက်ရှိပြီ အချို့ဒေသများတွင် စစ်ပွဲတွေဖြစ်ပွားလျက်ရှိသည် ။
"Yoongi မြန်မြန် ~~"
အရှေ့ကခေါ်နေတဲ့ အသံတိုးတိုးကြောင်း သူရဲ့ မျက်နှာလေးကိုရှုံ့မဲ့ပြီး ကာထားတဲ့သံဇကာအောက်ကို တွားသွားကာ ခိုးဝင်လိုက်သည် ။ အခုသူတို့သွားနေသော နေရာဟာ လေယာဉ်ကွင်းဟုဆိုရမည် မြေပြင်ညီကွင်းကြီးရဲ့ဘေးက အမေရိကန်တွေအခြေစိုက် စစ်ဋ္ဌာနချုပ် ။
YOU ARE READING
The War ( Memories Contest )
FanfictionAbout of a child in Second World War Min Yoongi & Kim Namjoon