ဂျပန်ကလက်နက်ချသည်နှင့် ကင်းလှည့်တပ်တွေဖြန့်ကာ တပ်ပုန်းတွေကို လိုက်ရှာပြီး သုတ်သင်ရသည် ။ မြို့တွင်းစစ်ဖြစ်ထားသောနေရာတွေက အလောင်းတွေကိုရှင်းကာ ကိုယ့်ဘက်ကလူကို ကိုယ်ပြန်ရွေးယူရသည် ။
"Jean ~အသက်၂၆ အရှေ့တန်းတပ်သား "
"Harry ~အသက်၃၈ တပ်ကြပ်ကြီး "
"Willam ~အသက်၂၄ အရှေ့တန်းတပ်သား "အော်ခေါ်နေတဲ့နာမည်တွေနောက်တွင် ကွင်ပြင်၌အလောင်းများ ထပ်၍ထပ်၍ တိုးလာသည် ။ အလောင်းပုံတွေကနေ မိမိရဲဘော်ရဲ့အလောင်းကို ရွေးကောက်ရတာဟာ အခက်ခဲဆုံးအချိန်ပင် ။သူတို့ရဲ့သေဆုံးမှုအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်က ပို၍ကြီးမားစွာ ။
ဗုံးဒဏ်ရာကြောင်း ပျက်ဆီးနေသော ကိုယ်နားကို ထိုင်ချလိုက်သည် ။ မျက်စိထဲမြင်ယောင်လာတာက အမေလုပ်သူနှင့်ညီလေးလုပ်သူအကြောင်းပြောရရင် ပျော်ရွှင်နေတတ်တဲ့ လူငယ်လေးတစ်ယောက် ။
"တာဝန်ကျေခဲ့ပါတယ် Willam ~ညီလေးနှင့်အမေဖြစ်သူကို နိုင်ငံတော်က စောင့်ရှောက်ပေးပါလိမ့်မယ် စိတ်မပူပါနဲ့ "
ပြောကာ သူ့လည်ပင်းကနံပါတ်ပြားကိုဆွဲဖြုတ်လိုက်သည် ။ ဒီနေ့အတွက် နံပါတ်ပြားတွေ လိုက်ဖြုတ်လို့ ပြီးပါ့မလား ။
"ဗိုလ်ကြီး စစ်ဘေးရှောင်ဒုက္ခသည်တွေ မြို့ထဲပြန်ဝင်လာပြီဗျ "
ဘေးနားကနေ အော်ပြောသွားသော Oliver ကြောင်း ခေါင်းငြိမ့်ပြလိုက်သည် ။ ပြန်လာမည့် စစ်ဘေးရှောင်ဒုက္ခသည်တွေထဲတွင် Yoongi လေးတို့မိသားစု ပါလာစေဖို့ မျှော်လင့်မိသည် ။
___________
တဖြည်းဖြည်းတည်ငြိမ်လာတဲ့ အခြေအနေနှင့်အတူ မေမေတို့က အိမ်ရှိရာသို့ပြန်ရန်စီစဉ်လိုက်ကြသည် ။ သတင်းတွေအရ သေဆုံးသူတွေများတဲ့အကြောင်းကြားရတော့ ဦးဦးJoon ကို စိုးရိမ်မိသည် ။
"သားကြီး သွားရအောင် "
မေမေရဲ့စကားကြောင်း ဖေဖေရဲ့လက်ကိုတွဲကာ မြို့ကိုပြန်ဖို့လုပ်နေတဲ့ လူအုပ်ကြီးနှင့်အတူ လိုက်ပါခဲ့ကြသည် ။
VOCÊ ESTÁ LENDO
The War ( Memories Contest )
FanficAbout of a child in Second World War Min Yoongi & Kim Namjoon