အချိန်စက်ဝန်းဟာ တစ်ပတ်သို့လည်လာပြီဖြစ်သည် ။ ဆောင်းနတ်သမီးလည်း နိုးထလာပြီး သူမ၏ဖွားဖက်တော်ဖြစ်သည့် နှင်းမင်းသားဟာလည်း အရာရာတိုင်းကို နှင်းတို့ကခြုံလွှမ်းကာ လောကတစ်ခုလုံးအား သန့်စင်လျက်ရှိသည် ။
စခန်း၏ အလယ်တွင် မီးပုံလေးတစ်ခုကိုဖိုထားကာ ထိုဘေးနားတွင် စစ်သားကိုကိုတို့က ဝိုင်းဖွဲ့ကာ စကားပြောနေကြ၏ ။ မီးဖိုပေါ်တွင်ရှိသော စစ်ရိက္ခာဖြစ်သည့် ပဲဗူးနှင့်အသားတို့ကို ကျိုနေသည့်အနံ့ဟာ လေထုထဲတွင် ပျံ့နှံ့နေလေသည် ။
ဦးဦးရဲ့ တဲအတွင်းတွင်မူ ရေနွှေးဖိုအသေးလေးအား အနွေးဓာတ်ရလို့ရငှာ ထွန်းထား၏ ။
"အကိုလုပ်သူက ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး ဘုရားသခင် သားတော်နဲ့သားတော်ညီမလေးကို ကယ်တင်ချင်ပါက အခိုင်ဆုံးကြိုးတစ်ချောင်းကိုချပေးပါ အကယ်၍ သားတော်နဲ့သားတော်ညီမလေးကို သေစေချင်ပါက ဆွေးမြည့်တဲ့ ကြိုးတစ်ချောင်းကို ချပေးပါလို့ ဆုတောင်းလိုက်သတဲ့ "
စာအုပ်ကိုလက်နဲ့ထောက်ကာ ဖတ်နေရင်း ဦးဦးအားလှမ်းကြည့်လိုက်တော့ ဦးဦးက စိတ်ဝင်တစားနားထောင်နေလေသည် ။ ဦးဦးက သေချာကြည့်ပေးနေတာကြောင်း ရာသီဥတုအေးလွန်းတာကြောင်း နီရဲနေတဲ့နှာခေါင်းလေးအား လက်ကလေးနဲ့ ပွတ်တိုက်လိုက်ကာ စာကိုဆက်ကြည့်လိုက်သည် ။
"ထိုအခါ ဘုရားသခင်က ခိုင်ခံ့တဲကြိုးကိုချပေးလိုက်တာကြောင်း မောင်နှမနှစ်ယောက်ဟာ ကြိုးကိုခိုစီးရင်း ကောင်းကင်ဘုံသို့ တက်သွားသည် ။ ကောင်းကင်ဘုံသို့ရောက်သောအခါ အကိုလုပ်သူကနေနတ်သားကြီးလုပ်ပြီး ညီမလုပ်သူ လနတ်သမီးလေးလုပ်ကာ ပျော်ရွှင်စွာ နေထိုင်သွားကြလေသတည်း ..."
စာကိုအဆုံးသတ်ကာ ဦးဦးကိုကြည့်လိုက်တော့ ဦးဦးက သဘောတကျ ပြုံး၍ သူ့အိတ်ထဲကနေ ချောကလက်တစ်တောင့်ကို ထုတ်ပေးသည် ။ ဦးဦးက စာတစ်ပုဒ်ဖတ်ပြီးတိုင်း ချောကလက် ၊ သကြားလုံး ၊ ဘီစကစ် တစ်ခုမဟုတ် တစ်ခုကို ပေးတတ်သည် ။
ESTÁS LEYENDO
The War ( Memories Contest )
FanficAbout of a child in Second World War Min Yoongi & Kim Namjoon