Part-4

7.3K 797 42
                                    

🍂Zawgyi
.
.
.
.
.

အ​လောတကြီး အဝတ်​အစား​တွေလဲကာ
ပြင်​ဆင်​​နေ​သော Jungkookကို

ကုတင်​​ခေါင်းရင်းအား ​ကျောမှီရင်း Taehyung
ငေးကြည့်​​နေသည်​။

ဟက်​...ချစ်​တယ်​ သာတစ်​ဖွဖွ​ပြော​နေ၊
တကယ်​တမ်းကြ​တော့ အ​ရေးကြီးဆုံးက
သူ့အလုပ်​ပဲ။
နေမ​ကောင်းတဲ့ ​ယောက်ျား​ကိုအိမ်​မှာ
တစ်​​ယောက်​တည်း ချန်​ထားပြီး
ဆေးရုံကိုသွားအုန်းမှာတဲ့​။

စိတ်​ထဲ၌ ​ရေရွတ်​​ပြောဆို​နေ​သော
ထိုစကားသံအား Jungkookကြားမည်​မဟုတ်​။

ကျောခိုင်းပြီး ကြယ်​သီး​တွေတပ်​​နေ​ရင်းမှ
ရုတ်​တရက်​လှည့်​လာတာ​ကြောင့်​ Taehyungလည်းမျက်​နှာလွှဲလိုက်​သည်​။

အနားသို့ တစ်​ဖြည်းဖြည်း ​ရောက်​လာ​နေပြီကို
သိ​သော်​လည်း Taehyungပြန်​လှည့်​မကြည့်​​သေး
ပါ။

ထို့​နောက်​ နဖူး​ပေါ်အုပ်​ကိုင်​လာ​သော
လက်​ဖဝါး တစ်​ဖက်​​ကြောင့်​ Taehyung
စိတ်​ရှုပ်​စွာဖြင့်​ပုတ်​ထုတ်​လိုက်​သည်​။

"​ဘေဘီ အဖျား​တွေ​တော့မရှိ​တော့ဘူး
ဆေး​သောက်​ပြီး ခနပြန်​​မှေးလိုက်​​နော်​"

"ကျွန်​​တော့်​ကိုဂရုမစိုက်​စမ်း​ပါနဲ့
ခင်​များအလုပ်​သာ ​ဖြောင့်​​ဖြောင့်​သွားပါ
တကယ်​ စိတ်​ရှုပ်​ဖို့​ကောင်းတယ်​"

Taehyung၏ ​အော်​ဟစ်​သံ​ကြောင့်
Jungkookမျက်​နှာပျက်​ယွင်းသွားသည်​။

"​တောင်းပန်​ပါတယ်​ က​လေး
အ​ရေး​ပေါ် လူနာ​....."

ခေါင်းမြီးခြုံ ကာ လှဲအိပ်​လိုက်​​သော
Taehyung​ကြောင့်​ ​ပြောလက်စ ​စကားသံအားရပ်​တန့်​ရင်း သက်​ပြင်းသာ ချကာ အခန်းထဲမှ ထွက်​လာခဲ့လိုက်​သည်​။

.
.
.

ခနတစ်​ဖြုတ်​​မှေးစက်​ရာက​နေ
အိပ်​​ပျော်​သွားခဲ့ရာ ပြန်​နိုးလာ​တော့
ည​နေ​စောင်းပင်​​ရောက်​​နေပြီ။

ဘယ်​လို​တောင်​အိပ်​​ပျော်​သွားတာပါလိမ့်​။
နေလို့ထိုင်​လို့ သက်​သာသွားသည်​ထင်​တယ်
ဗိုက်​လဲဆာလာသည်​။

Bad Baby BooWhere stories live. Discover now