Part-3

7.6K 827 29
                                    

🍂
.
.
.
.
.

တစ်​စုံတစ်​​ယောက်​၏ ငိုညည်းသံတစ်​ခုသည်
ကျယ်​လာလိုက်​ တိုးဝင်​လိုက်​၊

အတန်​ကြာလာသည်​အထိ
တစ်​အင့်​အင့်​ ရှိုက်​သံတို့သည်​ ပိုမိုကျယ်​​လောင်​လာသည်​။

ကျစ်​!!!

သူစိတ်​ရှုပ်​စွာဖြင့်​ ​ခေါင်းအုံးကိုလှမ်းယူကာ
နားတစ်​ဖက်​အား ဖိအုပ်​ထားလိုက်​သည်​။
မှတ်​ဥာဏ်​ထဲ ရုတ်​တရက်​​ပေါ်လာ​သော
အဖြစ်​အပျက်​တစ်​ချို့​ကြောင့်
မျက်​လုံးများပြူးကျယ်​ကာ ထထိုင်​လိုက်​သည်​။

"​ဘေဘီ!"

နားထဲတိုးဝင်​လာ​သော ငိုသံတို့က
ဘေဘီဆီက သို့​သော်​ အိပ်​ယာထက်​မှာ​တော့
ဘေဘီရှိမ​နေပါ။

"​ဘေဘီ ဘယ်​မှာလဲ"

အသံ​ပေးကာ​အော်​​ခေါ်​တော့ ငိုသံက
တိခနဲ့ ရပ်​တန့်​သွားသည်​။
ဝရံတာ မှ လှုပ်​ရှား​နေ​သောအရိပ်​တစ်​ခုကို
တွေ့လိုက်​သည်​နှင့်​ ​ဘေဘီမှန်းသိလိုက်​ပီ၊
ကုတင်​​အောက်​ ပွကြဲ​နေ​သော အဝတ်​စား​တွေအား
ကောက်​ယူဝတ်​ရင်း ဝရံတာဆီသို့အလျင်​မြန်
ထွက်​လာခဲ့လိုက်​သည်​။

"​ဘေဘီရယ်​ အပြင်​မှာ​အေးတယ်​​လေ
ဖျား​တော့မှာပဲ"

ဘေဘီအား လှမ်းကိုင်​ရန်​ပြင်​​နေ​သော
သူ့လက်​သည်​ ပုတ်​ထုတ်​ခြင်းခံရသည်​။
ထို့​နောက်​ သူ့အား ပြင်းထန်​စွာ တွန်းထုတ်​ကာ
ငိုထားတာ​ကြောင့်​ နီရဲ​နေ​သောမျက်​လုံးများဖြင့်
သူ့အားစူးစိုက်​ကြည့်​​နေသည်​။
နီရဲရဲ နှုတ်​ခမ်း​လေးကလည်းတဆတ်​ဆတ်​တုန်​ရီ
လျက်​....

"မုန်းတယ်​ ခင်​များကိုမုန်းတယ်
အား..........ဟင့်
လာမထိနဲ့"

"​ဘေဘီကိုယ်​​တောင်းပန်​ပါတယ်
ညက...ကိုယ်​​ဒေါသ​တွေမထိန်းလိုက်​နိုင်​လို့
တောင်းပန်​ပါတယ်​ကွာ....
တကယ်​​တောင်းပန်​ပါတယ်​"

ခြေတစ်​လှမ်းတိုးရင်း ​ဘေဘီအားလှမ်းကိုင်​ရန်
ပြင်​​သောအခါ အထိတ်​တလန့်​နဲ့ ​အနောက်​ကို
ဆုတ်​ဆုတ်​သွား​သော ​ဘေဘီ​ကြောင့်
သူ့​ခြေလှမ်း​တွေကိုလည်း သူရပ်​တန့်​လိုက်​သည်​။

Bad Baby BooWhere stories live. Discover now