Part-5

7.1K 776 24
                                    

🍂Zawgyi
.
.
.
.
.

ရေပန်းမှတစ်​ဆင့်​ ခန္ဓာကိုယ်​​ပေါ်သို့
ကျဆင်းလာ​သော ​ရေစက်​​ရေ​ပေါက်​များက
ပင်​ပန်းနွမ်းနွယ်​မှုကို ​လျှော့ချ​ပေးသည်​။

ရေ​တွေစိုရွဲ​နေ​သော ဆံပင်​ကို သပ်​တင်​ရင်း
ရေစက်​​လေးများနှင့်​ မျက်​နှာကိုတိုက်​ရိုက်​ထိ​တွေ့
စေရန်​ ဦး​ခေါင်းကို​မော့ လိုက်​သည်​။

အ​တွေးထဲ ဝင်​လာပြန်​သည်​။
မျက်​ရည်​​ဝေ့​နေ​သော ချစ်​ရသူရဲ့မျက်​ဝန်း​လေး၊
တကယ်​ဆိုသူမှားတယ်​ သိပ်​ချစ်​တယ်​​ပြောပြီး
ချစ်​ရသူကိုမျက်​ရည်​ကျ​အောင်​ပဲ လုပ်​​နေမိသည်​။

သိပ်​တန်​ဖိုးထားမိတဲ့ နှင်းဆီပန်း​လေး၊
က​လေးနဲ့ ကိုယ်​ စ​တွေ့​တဲ့​နေ့က
က​လေး နှင်းဆီပန်းကို သယ်​ထားတာ​လေ...

တစ်​ပွင့်​တည်းမဟုတ်​ဘူး အများကြီး။

ရေချိုးခန်းမှ ထွက်​လာပြီး​နောက်
အဝတ်​လဲရန်​ အဝတ်​ဘီဒိုအားဆွဲဖွင့်​စဉ်
ပြုတ်​ကျလာ​သော ဓာတ်​ပုံငယ်​​လေးအား
ကောက်​ယူလိုက်​သည်​။

နှင်းဆီအဖြူ​တွေအား ​ပွေ့ပိုက်​လျက်
ဆူပုတ်​​နေ​သော ​ကောင်​​လေး။
သူတစ်​ချက်​ပြုံးမိသည်​။
ထို့​နောက်​သူ၏ အ​တွေးတို့သည်​လွန်​ခဲ့​သော
တစ်​နှစ်​ဆီသို့.........

ည​နေ​စောင်းတစ်​ခု၌
Companyအ​ရှေ့ကားရပ်​ရင်း
Appaအား​စောင့်​ကြို​နေသည်​။

"ပန်း​တွေဟာ နင်​တို့မခုန်​ဆင်း​နေနဲ့
ပြန်​မ​ကောက်​ပဲ ဒီအတိုင်းပစ်​ထားလိုက်​မှာ​နော်​"

ထူးထူးဆန်းဆန်း​ရေ ရွတ်​သံ​ကြောင့်
ဖုန်းနှိပ်​​နေရာမှ သူ​မော့ကြည့်​လိုက်​သည်​။

နှင်းဆီပန်းတစ်​​ပွေ့တစ်​ပိုက်​ကြီးလက်နှင့်မဆန့်
ေ​​အာင်​​သယ်​ထားတာ​ကြောင့်​ ပန်းပွင့်​​လေး​တွေက
လွတ်​ကျ​နေသည်​။
ပန်းပွင့်​​တွေအား ပြန်​ကောက်​ရင်း စိတ်​မရှည်​စွာနှင့်
ရေရွတ်​​နေ​သော​ကောင်​​လေး ၊

ချစ်​ဖို့​ကောင်းလွန်းတယ်
ပန်း​လေး​တွေနဲ့လည်းလိုက်​ဖက်​တယ်​၊
ကောင်​​လေးမသိ​အောင်​ လက်​ထဲကဖုန်းနဲ့
ပုံတစ်​ပုံ ခိုးယူခဲ့မိသည်​။

Bad Baby BooWhere stories live. Discover now