Part-9

6.5K 751 78
                                    

🍂
.
.
.
.
.

"အိမ်​ပြန်​ပါ​တော့
သွား ထွက်​သွား ငါ့အိမ်​မှာ လာမ​နေနဲ့"

Jungkook၏ ရင်​ဘက်​ကျယ်​ကြီးအား
လက်​နှစ်​​ဖက်​နှင့်​ တွန်းထုတ်​ကာ
အံကြိတ်​ရင်း ကြုံးဝါး​နေသည်​။

"Ok ​လေ ​ဘေဘီမင်းပြန်​လိုက်​ခဲ့"

"မလိုက်​ဘူး လုံးဝမလိုက်​ဘူး
Ommaတို့နဲ့ တသက်​လုံးအတူ​နေမှာ
ခင်​များနဲ့ ကွာရှင်း​တော့မှာ မုန်းတယ်
ထွက်​သွား"

"​ဘေဘီ အဲလိုလုပ်​လို့မရဘူး​လေ

အား!"

တွန်းထုတ်​​နေ​သော Taehyung​လက်​​တွေအား
ပြန်​ဖမ်းချုပ်​​တော့ jungkookအကိုက်​ခံရသည်​။

"လူယုတ်​မာ
အကျင့်​မ​ကောင်းတဲ့ ဟာ
မုန်းတယ်​ ထွက်​သွား"

.
.
.

"ဟဲ့ Taehyung ဘာ​တွေဖြစ်​​နေတာလဲ
သားငယ်​ ကိုယ့်​ထက်​အကြီးကို
ဘာလို့ဒီ​လောက်​​တောင်​ရိုင်း​နေရတာလဲ"

ည​နေ​စောင်း ပြီမို့ ​ကော်​ဖီဆိုင်​အား
ပိတ်​ပြီး​နောက်​ အိမ်​ထဲဝင်​ဝင်ချင်း ဧည့်​ခန်းထဲ
သောင်းကျန်း​နေ​သော သားဖြစ်​​သူ​ကြောင့်
အ​ပြေးဝင်​တားရသည်​။

Jungkookမှာ​တော့ Taehyungအား
မျက်​နှာငယ်ဖြင့်​သာ စိုက်​ကြည့်​​နေသည်​။

.
.
.

"ကဲ...Taehyung
Jungkookကို ပြန်​​တောင်းပန်​"

အ​ခြေအ​နေ ငြိမ်​သက်​သွားပြီး​နောက်
ဧည့်​ခန်းတွင်း သုံး​ယောက်​သား
ပတ်​လည်​ဝိုင်းကာ ထိုင်​​နေရသည်​။

ဘေးနားမှ omma​တောင်းပန်​ခိုင်း​နေ​သော်​လည်း
Taehyungမှာဂရုပင်​မစိုက်
Ommaကို​ကျော်​ကာ jungkookအား
မျက်​​စောင်းထိုးရင်း ကြည့်​​နေဆဲ...

ထို့​နောက်​မှ ဖြည်​ညင်း​စွာ ပွင့်​ဟလာတဲ့
နှုတ်​ခမ်းဖျားက ထွက်​လာ​သောစကားက

"လုံး ဝ မ​တောင်းပန်​နိုင်​ဘူး"

သားဖြစ်​သူရဲ့အပြုအမူ​ကြောင့်
Ommaမှာ​တော့ ​ဒေါသ​တွေ​ထောင်းခနဲ။

Bad Baby BooWhere stories live. Discover now