"January 5 ရက်နေ့က ခန့်မှန်းခြေ ညနေ ၆ နာရီခွဲလောက်တွင် Andong ရှိ SK Energy Petrol Station တွင်ရုတ်တရက်
မီးလောင်ပေါက်ကွဲမှုဖြစ်သွား-"Taehyung သူ့ radio ကို တခြားလိုင်းသို့ပြောင်းလိုက်သည်
"Andong ရှိ Riverside Hotel, အခန်းနံပါတ် 302 တွင် heater အတွင်း
Carbon Monoxide အဆိပ်ငွေ့ပါလာသောကြောင့် လူငယ်တစ်ဦး သေဆုံးမှုဖြစ်ပွား၍ ထိုလူငယ်အားကယ်ထုတ်သော သူ၏သူငယ်ချင်းမှာ လည်း ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်းသိရပါတယ်-""အား !!! "
Taehyung radio ကိုပိတ်ချလိုက်ကာ
ကား စတီယာတိုင် နှင့် သူ့နဖူးအား အခါခါဆောင့်ရင်း အကူအညီ မဲ့စွာအော်ဟစ်မိသည်"Jeon,Tae ဘာတွေလုပ်မိသွားပြီလဲ
Tae လူသတ်သမားဖြစ်နေပြီ Jeon "Taehyung ကားကိုထိုးရပ်ကာ စတီယာတိုင်ကို လက်သီးနှင့်ထိုးရင်း ငိုကြွေးမိသည်
"Tae အကုန်လုံးကိုရပ်တန့်ချင်နေပြီ "
Taehyung သူ့ဖုန်းကိုဖွင့်လိုက်သော် ပေါ်လာသောပုံလေးကြောင့် Taehyung စို့နင့်လာရသည်
Jeon နဲ့ သူ့ရဲ့ နမ်းနေတဲ့ပုံလေး
သူသိပ်မှတ်မိတာပေါ့
သူရယ် ၊ Jeon ရယ် ၊ Hyung တွေရယ် အကုန် Paris သွားခဲ့စဉ်အခါက....
Eiffel Tower ရှေ့တွင် ဓာတ်ပုံတွေထဲကလို အနမ်းပေးပြီး ဓာတ်ပုံရိုက်ချင်သော Jeon တစ်ယောက်
Taehyung မှာရှက်လွန်းလို့ 'မရိုက်ဘူး '
လို့ အတင်းပြောလည်းမရ
မရိုက်ရင် hotel ပြန်မလိုက်ဘူးလို့ရစ်ခဲ့သော
Jeonနောက်ဆုံးလက်ခံလိုက်ရပြီး ဓာတ်ပုံ ရိုက်ပေးသော Park Jimin မှာလည်း ရီလိုက်ရတာ အူတွေကိုနာလို့
YOU ARE READING
Phobia [KookV] ✔
FanfictionRunning,running after you...your shadow. Don't leave me alone,Jeon. I don't want to become a weak and fragile person anymore. I don't want my phobia to come on the surface. I wonder if you could stop, But...how, You are the cause of my phobia. Cover...