A [Final ]

911 71 2
                                    

If you want to be extra sad or something, click the Play Button Above [Playlist- Butterfly_BTS ]

လူတွေ က အချစ်ကို အမျိုးမျိုး အဓိပ္ပါယ် ဖွင့်ကြတယ်

အချစ်က ပျော်ရွှင်ခြင်း

အချစ်က ပေးဆပ်ခြင်း

အချစ်က ရူးသွပ်ခြင်း

အချစ်က မိုက်ရူးရဲဆန်လွန်ခြင်း...စသည်ဖြင့်....

သို့ပေမယ့်

သူတို့နှစ်ယောက်အတွက်ကတော့ အချစ်က ကြောက်ရွံ့ခြင်းတရား ပင်

____________P H O B I A____________


သူတို့နဲ့အတူမြဲလာနေကြဒီလမ်းလေး....

အနက်ရောင် van ကားလေးပေါ်မှာ သီချင်းတွေအတူတူဆို အချင်းချင်းစနောက်ရင်း ကျော်ဖြတ်ခဲ့ကြတဲ့ ဒီလမ်းလေး...

ခေါင်းထဲသို့တန်းစီဝင်လာသော အမှတ်တရတို့ကြောင့် Taehyung ကားစတီယာတိုင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်

ထိုအမှတ်တရများက ပျော်ရွှင်ဖွယ်ကောင်းခဲ့လွန်းသည်
သို့သော် ယခုအချိန်တွင်တော့ နာကျင်ဖွယ်ကောင်းလှသည်

ရင်ဘတ်ထဲမှ အတိုင်းမသိ စို့နင့်လာမှုကြောင့် သူ ကားမှန်ကိုချကာ မလှမ်းမကမ်းတွေမြင်နေရသော ပင်လယ်ပြာကြီးကိုငေးကြည့်နေမိသည်

ပင်လယ်ကြီး၏ရနံ့ကလည်း သူ့နှာဖျားသို့တိုးဝင်လျက်....

လှိုင်းများ၏ရိုက်ခတ် သံများ ကသူ့နှလုံးသား
ကိုတဆစ်ဆစ် ထုနေသယောင်....

သူ ကတ္တရာလမ်းမကြီးပေါ်တွင်ကားကိုဖြေးဖြေးနှင့် မှန်မှန်မောင်းလာသည်

အရင်က ဆူညံနေခဲ့သော ကားကြီးသည်
နာကျင်စွာ တိတ်ဆိတ်နေလွန်းသည်

" Park Jimin !! Yah ! မင်းတော်တော့ကွာ !! "

"Jimin hyung ကလည်း ကျနော့် ဘေဘီ ကိုမစနဲ့တော့လေ "

Jungkook မှ ပြောရင်းပင် Taehyung အားသူ့ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်သောကြောင့်
Jimin မျက်နှာကြီးရှုံ့တွကာ

Phobia [KookV] ✔Where stories live. Discover now