P

544 98 7
                                    

Recall~

"Hello ? "

"Mr.Park Jimin လားမသိဘူး ? "

"ဟုတ်ပါတယ် ဘာကိစ္စရှိလို့လည်းမသိဘူး "










"ခင်ဗျား သူငယ်ချင်း Kim Seok Jin အခုလေးတင် သေဆုံးသွားပါတယ် "

____________________________________

Taehyung လက်ထဲ၌ တောက်ပသော အရာတစ်ခုကို ကိုင်ကာ ထလာမိသည်

Taehyung ထိုအရာကို လက်ထဲ၌ ဆော့ကစားလျက် ရီဝေစွာ လှေကားဆီလျှောက်လာမိသည်

သူ့မျက်စိထဲတွင် ဘာမှ မမြင်

အစိမ်းရောင်အငွေ့တန်းများသာ...

သူ နှုတ်ခမ်းများ အပေါ်သို့ တွန့်ချိုးနေလောက်အောင် သူ ပြုံးနေသည်

ဒီခံစားချက်...အရမ်းပျော်မွေ့စရာကောင်း
တယ်

သူ လက်ထဲတွင်ပါလာသော တောက်ပသော ဓား ကို ဘေးရှိ နံရံ ထဲသို့အားနှင့်စိုက်ချလိုက်သည်

ထို့နောက်သူ လှေကားထစ်ပေါ်သို့ ပထမဆုံး ခြေလှမ်းလိုက်သည်

သူ ထပ်လှမ်းသည်...ထပ်သွားသည်

သူ့လက်ထဲရှိ ဓားမှာလည်း သူနှင့်အတူ ဘေးရှိ နံရံ အထဲ တစ်လျှောက် ပွတ်ဆွဲခြင်းခံလာရသည်

သူအပေါ်ထပ်သို့ရောက်လာသောအခါမှောင်မဲနေသည်

သို့သော် သူရပ်နေရာမှ လှမ်းမြင်နေရသော အလင်းတန်းတစ်ခု...

သူဖြည်းဖြည်းချင်းလျှောက်သွားမိသည်

ခြေထောက်မှာလည်း ယိုင်လဲတော့မည့်အတိုင်း

သူ အလင်းတန်းနားသို့မရောက်မီပင် သူခွေခနဲလဲကျသွားသည်

သို့သော်သူ လေးဘက်မှောက်လျက်ပင် ဆက်သွားသည်

နောက်ဆုံးသူ ရောက်လာခဲ့တယ်...

လင်းလက်နေတဲ့ကောင်းကင်ကြီး
လှပလွန်းလှတဲ့ကြယ်လေးတွေနဲ့

"Jeon,jeon ကလေ Tae အတွက်ကောင်းကင်ကြီးလိုဘဲ "

"ဟင်..ဘာလို့အဲ့လိုပြောတာတုန်းကလေးရဲ့ "

Phobia [KookV] ✔Donde viven las historias. Descúbrelo ahora