My love...(လှပသော)

436 22 0
                                    

ငါမှတ်ဥာဏ်မကောင်းဘူး...အပြာရောင်လေး...
ငယ်ငယ်တုန်းက အကြောင်းအရာတချို့ကို
ပြန်စဉ်းစားတိုင်း ပုံရိပ်တွေဝေဝါးနေတယ်...

ဒါပေမဲ့ ငါ့ရဲ့မှုန်ဝါးဝါးအတိတ်တွေထဲမှာ
နင်ကတော့ လင်းလက်နေတဲ့ကြယ်လေးတစ်ပွင့်...

ငါသိမ်းထားချင်တဲ့ ကြယ်ပွင့်လေး....
ငါဘယ်တော့မှ လက်မလှမ်းနိုင်တဲ့ကြယ်ပွင့်လေး....
ငါအနားတိုးလာရင် ပျောက်ကွယ်ပစ်လိုက်မယ်ဆိုတဲ့ ကြယ်ပွင့်လေး...တန်ဖိုးထားလွန်းလို့ ငါမထိရက်တဲ့ ကြယ်ပွင့်လေး....

အတိတ်တွေဟာ နင့်ကြောင့်မို့လှတာ..အပြာရောင်လေးရ...
ဒီလောကကြီးထဲ ငါဆိုတဲ့ဖြစ်တည်မှု ပျောက်ကွယ်မသွားခင်..သိပ်ချစ်ရတဲ့အကြောင်း....
နင်သိအောင် ပြောပြခဲ့ချင်ပါရဲ့..

Han_Me

My love......Where stories live. Discover now