My love(စောင့်မျှော်ခြင်း...)

305 14 6
                                    

ဘာကိုစောင့်နေမိမှန်း ငါ့ကိုယ်ငါမသိဘဲ
အချိန်တစ်ခု ကြာမြင့်လာတယ်...

စကားပြောသံတိုးလျလျကို အနီးကပ်ကြားမိတဲ့အခါတိုင်း
ငါပြုံးခဲ့တယ်...ငါ့ကမ္ဘာကြီးပျက်နေတာကိုတော့ ဘယ်သူသိမှာလဲ...
ဒီလိုနဲ့ငါဟာ ဟန်ဆောင်ခြင်းမှာ အသားကျခဲ့တယ်...

ကိုယ်စီလျှောက်ရမယ့်လမ်းတွေပါတဲ့...
ဒီလိုမျိုးသိထားရက်နဲ့ မင်းကိုမှငါ့ဘဝထဲ အတင်းဆွဲခေါ်ချင်နေတယ်...

မျှော်လင့်ချက်ထားလို့မရမှန်း သိတဲ့အခါ
ငါတစ်ယောက်တည်း ငိုကြွေးရုံကလွဲလို့ ဘာတတ်နိုင်မှာလဲ...

ဒါပေမယ့် ငါမင်းကို စောင့်နေမိတုန်းပဲ...
တစ်ချိန်ချိန်များ မင်းလှည့်ကြည့်လာမလားဆိုတဲ့ စိုးရိမ်စိတ်ကလေးနဲ့...

Han_Me

You've reached the end of published parts.

⏰ Last updated: Jul 25, 2019 ⏰

Add this story to your Library to get notified about new parts!

My love......Where stories live. Discover now