My love...(အားနည်းချက်)

275 19 0
                                    

ပုရွက်ဆိတ်လေးတစ်ကောင်ရဲ့ခွန်အားဟာ
အဆမတန်ပေါ့...

တရွေ့ရွေ့နဲ့ အစာကို
တောင်ပို့ကြီးလောက်ဖြစ်အောင် ပုံနိုင်တယ်...

ဘယ်လောက်အင်အားကြီးတဲ့ လူဖြစ်နေပါစေ
သူတစ်ချက်ကိုက်လိုက်တာနဲ့ အားကနဲထအော်ရတယ်...

နင်သိလား....အပြာရောင်လေး...
အရာအားလုံးမှာ အားနည်းချက်ကိုယ်စီ ရှိနေတဲ့အခါ
နင်ရဲ့လေတချက်နဲ့ ထိုးနှက်မှုသေးသေးလေးကတောင်
သူ့ကို ယိုင်နဲ့သွားစေနိုင်ပါတယ်တဲ့...

ငါကပုရွက်ဆိတ်တစ်ကောင် မဟုတ်ခဲ့ပေမဲ့
နင်နဲ့ပတ်သတ်ရင် ပုရွက်ဆိတ်လေးလိုအားနည်းချက်
အမှန်တရားကတော့ ရှိနေဆဲ...

Han_Me

My love......Where stories live. Discover now