ငါဝင်ကြည့်နေကျ နင့်profileလေးမှာ
Postတွေခမ်းခြောက်သွားတော့ လွမ်းမိတယ်...အပြာရောင်လေး...အပြင်မှာမတွေ့နိုင်တဲ့ရက်တွေအတွက်...
အလွမ်းဖြေစရာဆိုလို့ နင်စိတ်ရူးပေါက်တိုင်းshareထားတဲ့
ဟာသvideoတွေ၊ သီချင်းvideoတွေသာ ရှိခဲ့တာပါ...Postတစ်ခုမှာရပ်တန့်သွားတဲ့ အချိန်ကာလလေးကိုသာငေးရင်း...
သက်ပြင်းအကြိမ်ကြိမ်ချမိပါရော...နင်ကတော့Social Mediaကို အရေးမပါတော့တဲ့အရာလို့
တွေးမိမလား မသိပေမဲ့...ငါ့အတွက်တော့ ရှေ့ဆက်ရမယ့်နေ့တွေရဲ့ မျှော်လင့်ချက်ဟာ
social mediaပေါ်မှာသာ မူတည်လို့နေတယ်...မမြင်တာကြာတဲ့ အစိမ်းရောင်လေးကို
မျှော်ကိုးတမ်းတမိတဲ့နေ့တွေမှာ ငါ့ပျော်ရွှင်မှုကိုလည်း
ဘယ်နေရာမှာမှ ရှာမတွေ့တော့ဘူး...Han_Me