Target 1 {Baby}

1.6K 65 6
                                    

'oppa gomawoyo'

သူမ မမှီတမှီ မက်တပ်ရပ်နေတဲ့ Jin ရဲပါးလေးကိုနမ်းရှုံ့လိုက်သည်။ထို့နောက် မိန်းကလးသဘာဝ အလျောက် သူမ ရှက်သွေးဖြာကာ ခေါင်းလေးငုံ့ထားသည်။မို့တက်နေတဲ့ သူမ ပါးလေးက ပန်းရောင်လေးသန်းလို့..

'သွား.....သွားပြီနော်'

ရှက်ကိုးရှက်ကန်းလေး ပြေးဝင်သွားတဲ့ သူမဟာ Jinရဲ့မျက်စိထဲ အလွန်ချစ်စရာကောင်းသည်။သူမနမ်းသွားသည့် ပါးလေးတစ်ဖက်ကို ပွတ်နေရင်း သူ ကြည်ကြည်နူးနူးပြန်ထွက်လာခဲ့သည်။

!ဖောက်!

အသံတစ်ခုနဲ့အတူလည်ပင်းပေါ်ရောက်လာတဲ့အရည်အချို့။Jinစိုစွတ်သွားတာကို သိလိုက်တာကြောင့် လည်ပင်းကိုပွတ်ကြည့်သော်လည်း ဘာဆိုဘာမှမရှိပေ။Jin စိတ်ကြောင့်ထင်ကာ အိမ်ပြန်လာခဲ့သည်။

Jin မသိလိုက်ပါ။လူတစ်ယောက်ပစ်လိုက်တဲ့သေနတ်ထဲကနေ ဆေးနှစ်လုံးစာလောက်ရှိတဲံ ခရမ်းရောင်ကြည်ဆံလေးအကြောင်း။ကျည်လေးဟာ လည်ပင်းကိုထိပြီး ပေါက်ကွဲသွားရာမှ ခရမ်းရောင်အရည်များထွက်လာပြီးချွေးပောက်များမှ လျင်မြန်စွာ စိမ့်ဝင်ကာ ကျောရိုးမကြီးမှတစ်ဆင့် ဦးနှောက်ဆီသို့ ထိုခရမ်းရောက်အရည်များပျံ့နှံ့သွားသည်ကိုလဲ Jinမသိခဲ့ပါ။

...................................................

V

ibrate ကြောင့် တတီးတီးမြည်နေတဲ့ phone callကိုကြည့်လိုက်တော့ baby ဆိုတဲ့ contactလေးကြောင့် jin ကြည်ကြည်နူးနူးပြုံးရင်းကိုင်လိုက်သည်။သို့သော်............

'Oppa baby ကိုလာခေါ်လို့ရလားဟင်'

အရင်က သူမအသံကြားလျင်ပျော်ခဲ့ဖူးပင်မဲ့ အခု
ပူလာသလိုပဲ

*အင်း ရတယ်*

စိတ်ကိုအတတ်နိုင်ဆုံးထိန်းဖြေလိုက်သည်။

'Yay~~ Baby ကို ၉နာရီလာခေါ်နော် ကစားကွင်းသွားမို့နော် oppa နော် မွ'

သူမပြောရင်းဖုန်းချသွားသည်။

သူမစကားသံကိုကြားရသည့် တစ်လျောက် Jinပူလာသကဲ့သို့ အသက်ရှူပာကျပ်လာခဲ့သည်။ Jinက ခုတင်ပေါ်မှာဖြစ်ပြီး မှန်မရှိတာကြောင့် သူ့မျက်လုံးတေပာနီပြီး အကြောတေထောင်လာခဲ့သည်ကိုတော့ Jinမသိလိုက်ပါ။

TargetWhere stories live. Discover now