ဆူး (Part -2)

26 0 0
                                    

ဆူး

Part - 2

Written by Aung Lay

"​ဟုတ်ကဲ့..​ဒယ်​ဒီ၊​ပြောပါဗျ..."
စုမြတ်​မွန်​ဆိုတဲ့ငယ်​သူငယ်​ချင်းနဲ့ဆိုင်​တစ်​ဆိုင်​မှာစကား​ပြော​နေတုန်းဒယ်ဒီဆီမှဖုန်းဝင်​လာ၍ဗညားဖုန်းကိုကိုင်​လိုက်​သည်​။
"သား..အခုဘယ်​မှာလဲ.."
"ဗျာ..သူငယ်​ချင်းတစ်​​ယောက်​နဲ့ဆိုင်တစ်ဆိုင်မှာ​​​စကား​ပြော​နေတာပါ.ဘာဖြစ်​လို့လဲ.."
"သားရဲ့ညီကို​ကျောင်းကြိုသွားလိုက်​အုံး၊ဒရိုက်​ဘာမြ​သောင်းကမအားဘူး၊ဒယ်​ဒီနဲ့ဆိုက်​ထဲကို​ရောက်​​နေတယ်​..."
"ဟုတ်​ကဲ့ဒယ်​ဒီ..သားသွားကြိုလိုက်​ပါ့မယ်​.."
ပြောပြီးဗညားဖုန်းကိုချကာသူ့သူငယ်​ချင်းမ​လေးကိုနှုတ်​ဆက်​၍​ကျောင်းသို့​မောင်းလာခဲ့သည်​။
ကျောင်း​ရှေ့မှာ​တော့မိုးစက်​နဲ့အတူဆူး​ရောကားလာအကြိုကို​စောင့်​လို့​နေသည်​။ထို့အတူ​ကောင်​မ​လေးတစ်​စုကလဲထိုအနားမှာရပ်​လို့​နေကာဆူးတို့နဲ့စကား​တွေ​ဖောင်​ဖွဲ့အောင်​​ပြောကာရယ်​လို့​မောလို့..
ဗညားရဲ့ကားလာတာကိုမြင်​​တော့ထို​ကောင်​မ​လေး​တွေကိုနှုတ်​ဆက်​ကာကား​ပေါ်တတ်​လိုက်​ကြသည်​။
"ဟဲ့မိုးစက်​..နင်​တို့ကိုလာကြိုတာဘယ်​သူလဲ.မိတ်​ဆက်​​ပေးအုံး​လေ.."
"မိသဲမ..ဒါကငါ့အကိုအကြီးဆုံး​လေ၊ဗညားဘုန်းပြည့်​တဲ့နိုင်​ငံခြားမှာ​ကျောင်းသွားတတ်​တာပြန်​လာတာမကြာ​သေးဘူး..."
မိုးစက်​ကကား​ပေါ်က​နေထိုမိန်းက​လေး​တွေကိုလှမ်းကာ​ပြော​သည်​။ထိုမိန်းက​လေး​တွေကလဲပြုံးစိစိနဲ့ဗညားကိုကြည့်​​နေကြသည်​။
"ဟဲ့နင်​အကိုကအ​ချော​နော်​..မင်းသား​တွေထက်​​တောင်​​ချော​နေ​သေးတယ်​၊အကိုညီမနာမည်​ကသဲစုမွန်​တဲ့မိုးစက်​ရဲ့သူငယ်​ချင်း​ဆို​တော့အကို့ရဲ့ညီမ​လေးလိုသ​ဘောထား​ပေးပါ​နော်​.."
မိသဲဆိုတဲ့​ကောင်​မ​လေးကသွက်​လက်​စွာ​ပြော​တော့ဗညားကပြုံးကာ​ခေါင်းညိတ်​ပြသည်​။မိသဲ​ဘေးက​ကောင်​မ​လေး​တွေက​တော့မိသဲကိုတိုးတိုးနဲ့
"မိသဲနင်​​တော်​​တော်​ကဲ​နော်​.."
ဆိုပြီးတံ​​တောင်​နဲ့တွက်​ကာ​ပြော​တော့မိသဲကထို​ကောင်​မ​လေးကိုမျက်​​စောင်​ထိုးလိုက်​သည်​။
"ကဲဒါဆိုသွားမယ်​​နော်​.."
"ဟုတ်​ကဲ့..ဘိုင့်​.ဘိုင်​အကို.."
ဗညားကိုလက်​​တွေပြကာနှုတ်​ဆက်​​နေတဲ့မိသဲတို့တစ်​စုက​တော့အိ​နြေ္ဒမဲ့ချက်​က9+ပဲ။
ဆူးက​တော့​နောက်​အခန်းမှာမိုးစက်​နဲ့အတူထိုင်​​နေပြီးမိုးစက်​က​ရှေ့အခန်းကူရှင်​ကိုမှီကာသူ့အကိုအားစကား​တွေ​ပြောကာလိုက်​လာသည်​။
"ကိုကိုက​တော့​ဆော်​ကြည်​ချက်​ပဲ.."
"မိုးစက်​..မိန်းက​လေး​တွေနဲ့အဲလို​ရော​ရော​ထွေး​ထွေးမ​နေရဘူးကွ၊အခုညီတို့အရွယ်​ကစာပဲကျက်​ရမှာတခြားစိတ်​မဝင်​စားရဘူး.."
"ကိုကိုကလဲသူတို့ကသူငယ်​ချင်းပါ.."
"သူငယ်​ချင်းဆိုတာကို​တော့အကိုဘာမှမ​ပြောလိုဘူး၊အဓိက​ပြောချင်​တာရည်းစားမထားဖို့ပဲ.."
"ဟုတ်​ကဲ့ပါအကိုရညီကအခုမှက​လေးပဲရှိ​သေးတာ၊ကိုကို​ပြောရမှာကအဲဒီဆူးကို..."
ရှေ့ကူရှင်​မှီရာမှ​​နောက်​ကိုပြန်​ထိုင်​လာတဲ့မိုးစက်​ကဆူးကိုကြည့်​ကာ​ပြော​တော့ဆူးကဘာလဲဆိုတဲ့ပုံစံနဲ့မိုးစက်​ကိုကြည့်​သည်​။
"အဲဒီထဲကမြတ်​နိုး​မေဆိုတဲ့မိန်းက​လေးကဆူးကိုကြိုက်​​နေတာ​လေ.."
"မိုးစက်​မဟုတ်​တာ​လျှောက်​​ပြော​နေတယ်​.."
"ဘာမဟုတ်​ရမှာလဲ၊မြတ်​နိုးမင်းကိုကြိုက်​​နေတာတစ်​​ကျောင်းလုံးသိတယ်​.."
"သူဖာသာကြိုက်​တာဘာဖြစ်​လဲ၊ငါကသူ့ကိုစိတ်​လဲမဝင်​စားဘူးဘယ်​လိုမှလဲမ​နေဘူး.."
"ဟုတ်​မှလဲ​ပြောပါ၊​စောနက​ကောင်​မ​လေး​တွေကအ​ချော​လေး​တွေပဲမင်းမကြိုက်​ဘူးဆိုတာ​သေချာလို့လား.."
ဗညားက​ဝင်​ကာ​ပြောလိုက်​သည်​။
"ကျွန်​​တော်​ကဘာလို့ညာရမှာလဲ၊အခုချိန်​မှာဆယ်​တန်းကိုဂုဏ်​ထူးဘယ်​နှစ်​ပါ​အောင်​ကြိုးစားမယ်​ဆိုတဲ့စိတ်​ပဲရှိတယ်​.."
ဆူးရဲ့စကား​ကြောင့်​ဗညားပြုံးကာ..
"မိုးစက်​ကြားလား၊ညီလဲသူ့လိုစိတ်​မျိုးထားရမယ်​​နော်​.."
"အဲဒါ​တော့အာမမခံဘူးကိုကို​ရေ.ဆူးကအတန်းထဲမှာစာအ​တော်​ဆုံး၊ညီကစာကျက်​ပျင်းတယ်​၊သူ့​လောက်​​တော့ဂုဏ်​ထူးဘယ်​ပါမလဲ.."
"ပျင်းတယ်​ဆိုတိုင်းရရောလား၊​ယောင်္ကျားဆိုတာအမြဲတတ်​ကြွရွှင်​လန်း​နေရမယ်​ကွ၊မင်းတို့လိုလူငယ်​​တွေကအဲလိုဖြစ်​​နေရမှာ.."
ဗညားရဲ့ဩဝါဒစကား​ကြောင့်​မိုးစက်​ဘာစကားမှထွက်​မလာ​တော့။တဖြည်းဖြည်းနဲ့ကားကလဲအိမ်​သို့​ရောက်​ရှိသွားသည်​။
ဆူးကသူတို့အိမ်​မှသူ့ရဲ့အိမ်​သို့မပြန်​​သေးပဲမိုးစက်​နဲ့အတူအိမ်​ထဲသို့ဝင်​လာခဲ့သည်​။မိုးစက်​က​တော့လွယ်​အိတ်​​ရောထမင်းချိုင့်​ကိုပါကား​ပေါ်ထားခဲ့၍ဗညားကပင်​သယ်​လာခဲ့ရသည်​။
"တီခက်​၊တီစက်​၊​ဒယ်​ဒီ၊မာမီသားပြန်​​ရောက်​ပြီ..."
မိုးစက်​ကသူ့ရဲ့အ​ဒေါ်နှစ်​​ယောက်​နဲ့မိဘနှစ်​ပါးကိုတန်းစီပြီး​ခေါ်ကာနှုတ်​ဆက်​လိုက်​​တော့အားလုံးကဧည့်​ခန်းမှာတစ်​စုတစ်​​ဝေးထဲထိုင်​​နေကြသည်​။
"သားသားပြန်​လာပြီ၊လာပါအုံးတီခက်​တူ​လေးပင်​ပမ်းလာပြီ၊သားဆူးလဲလာထိုင်​.."
"ဟုတ်​.."
မိုးစက်​က​တော့က​လေးတစ်​​ယောက်​လိုပဲသူ့ရဲ့အ​ဒေါ်ရင်​ခွင်​​ပေါ်သို့သွားကာထိုင်​သည်​။အပျိုကြီးအ​ဒေါ်​တွေကလဲတူ​တွေဆိုရင်​တုန်​​နေ​အောင်​ချစ်​ကြသည်​။
"သားသားပင်​ပမ်း​နေပြီလား.."
"ဒါ​ပေါ့တီစက်​ရ၊စာ​မေးပွဲကနီး​နေပြီ၊စာကမရ​သေးဘူး၊သားကိုဂိုဏ်​ငှါး​ပေးမှဖြစ်​​တော့မယ်​..."
"ဒယ်​ဒီတို့ဒီအ​ကြောင်းကိုပဲ​ပြော​နေကြတာ၊သားကြီးဗညားထိုင်​ကွာ.."
"ဟုတ်​ဒယ်​ဒီ..."
ဗညားကနှစ်​​ယောက်​ထိုင်​ဆိုဖာ​ပေါ်၌ထိုင်​​နေတဲ့ဆူးရဲ့​ဘေးမှာကပ်​ကာထိုင်​​​တော့ဆူး​ဘေးကိုတိုးလိုက်​သည်​။
"သားငယ်​မိုးစက်​နဲ့သားဆူးကိုသားကြီးစာပြ​ပေးလိုက်​ပါလား..."
"ဗျာ.."
"ဟုတ်​တယ်​သားကြီး၊သားကြီးအလုပ်​အားတဲ့အချိန်​​ပေါ့၊ညဘက်​ဖြစ်​ဖြစ်​အချိန်​ပိုင်း​လောက်​သားကြီးလုပ်​​ပေးလိုက်​ပါ၊ဒယ်​ဒီတို့အ​နေနဲ့ဂိုဏ်​ငှါးဖို့ဆိုတာမခဲယဉ်း​ပေမဲ့နည်းစနစ်​ကျကျသင်​​ပေးနိုင်​ဖို့ဆိုရင်​သားကြီးကိုပဲဒယ်​ဒီယုံကြည်​တယ်​။နောက်​ပြီးမင်းညီရဲ့အရည်​အချင်းကိုလဲသိသွားတာ​ပေါ့.."
"ဒယ်​ဒီကလဲသားကစာ​တော်​ပါတယ်​​နော်​၊ဥာဏ်​လဲ​ကောင်းတယ်​၊စာကျက်​ပျင်းတာတစ်​​ခု​လေးပဲ.."
"အဟင်း...ဟင်း.."
မိုးစက်​ရဲ့စကား​ကြောင့်​အားလုံးဝိုင်းကာရယ်​ကြသည်​။
"အဲလိုကျက်​ပျင်းလို့မင်းကိုမင်းအကိုနဲ့အပ်​တာ၊သားကြီးဒယ်​ဒီ​ပြောတာဘယ်​လိုသ​ဘောရလဲ.."
"ဒယ်​ဒီကလဲ..ဒယ်​ဒီစကားကိုသားဘယ်​တုန်းကငြင်းဆန်ဖူးလို့လဲ၊သားလက်​ခံပါတယ်​.."
"အင်း..ကဲဒါဆိုဆူး..သား.."
"ဗျာ.အန်​ကယ်​​ကျော်​.."
"သားတို့နှစ်​​ယောက်​ကိုမင်းတို့အကိုဗညားကစာသင်​​ပေးလိမ့်​မယ်​၊စပြီးသင်​မယ်​ဆိုတဲ့​နေ့သားဒီအိမ်​ကိုလာပြီးစာသင်​ရမယ်​​နော်​.."
"ဟုတ်​ကဲအန်​ကယ်​.."
"ကဲပါ​မောလာကြတာဆို​တော့သံပုရာရည်​​လေး​သောက်​လိုက်​ကြအုံး.."
မိုးစက်ရဲ့အ​မေ​အန်​တီက​ပြော​တော့သူတို့သံပုရာရည်​ကိုယူကာ​သောက်​လိုက်​ကြသည်​။ဗညားကိုတော့သံပုရာရည်​ကိုမဟုတ်​ပဲလိ​မ္မော်​ရည်​အထင်​၊လိ​မ္မော်​ရည်​ခွက်​ကိုသာ​သောက်​သည်​။
ဗညားကသံပုရာရည်​မ​ကြိုက်​ဘူးထင်​တယ်​လို့ဆူးဘာရယ်​မဟုတ်​​တွေးလိုက်​မိ​သေးတာ။

ဆူးWhere stories live. Discover now