ဆူး (part-5)

15 0 0
                                    

ဆူး

Part - 5

အားလုံးက​မြေးမ​လေးကိုဝိုင်းပြီးကြည့်​ကာမြှူ​နေကြ၍ဖခင်​ဖြစ်​သူစစ်​နိုင်​မှာကြည်​နူးရ​သေးသည်​။
ဘယ်​လိုပဲ​နေရပါ​စေသမီး​လေးနဲ့အတူ​နေရမယ်​ဆိုရင်​သူ​နေနိုင်​ပါတယ်​။နှင်းနှင်းရဲ့​နောက်​ဆုံးဆန္ဒဆိုပြီးအန်​တီမြတို့ကသမီး​လေးကိုလာ​တောင်းတုန်းကဆိုရင်​စစ်​နိုင်​တုန်​လှုပ်​​ခြောက်​ခြားသွားခဲ့တာ။
သူ့ဘဝမှာငယ်စဉ်ကတည်းကမိဘေ​​​တွကပစ်သွား၍​တစ်​​ကောင်​ကြွတ်​ဆိုတဲ့အထီးကျန်​ဘဝကိုဆင်းဆင်းရဲရဲဖြတ်​သန်းရပြီးပြီ...
အရွယ်​​ရောက်​လို့လာ​တော့နှင်းဧကရီဆိုတဲ့သူ​ဌေးသမီး​လေးနဲ့​မေတ္တာသက်​ဝင်​ပြီးအချစ်​တစ်​ခုတည်းနဲ့ဘဝတစ်​ခုကိုတည်​​ထောင်​ခဲ့ပြီးသူ့ရဲ့အထီးကျန်​မှု​တွေပြီးဆုံးသွားပြီလို့ထင်​ခဲ့တာ..
ဒါ​ပေမဲ့နှင်းကိုကံကြမ္မာကြီးကသူနဲ့ရက်​ရက်​ဆက်​ဆက်​ခွဲခဲ့​တော့စစ်​နိုင်​ရူးမတတ်​ခံစားခဲ့ရသည်​။သို့​ပေမဲ့သမီး​လေး​နှင်း​ရောင်​စဉ်​​လေးရှိခဲ့လို့သူ​ဖြေသာခဲ့တာ။
အခုလိုသမီး​လေးကိုပါသူနဲ့ခွဲမယ်​ဆိုရင်​သူ​ရူး၍ပင်​သွားနိုင်​သည်​။ဒါ​ပေမဲ့​သေချာစဉ်းစားကြည့်​​တော့သမီး​လေးကိုသူဆင်းရဲတွင်းထဲကိုသူအတ္တကြီးကြီးနဲ့​ခေါ်မထားရက်​၊နှင်းနှင်းတုန်းကလဲသူအတ္တဆန်​ဆန်​ဆင်းရဲတွင်းထဲထားခဲ့ရသည်​။
ငါနဲ့အတူ​နေရင်​ငါ့သမီး​လေးဘဝကလူ​သွေးလူ​မွှေး​တောင်​​ပြောင်​မှာမဟုတ်​ဘူး၊သူ့အဖိုးအဖွား​တွေဆီမှာ​နေရင်​သမီး​လေးဘဝကလို​လေ​သေးမရှိ​ရွှေ​ပေါ်မြတင်​​နေရမှာ..
နှင်းရယ်​အကိုဘယ်​လိုလုပ်​ရမလဲ...
ဆိုပြီး​တွေးပြီးတဲ့​နောက်​မှာစစ်​နိုင်​သမီး​လေးကိုသူတို့နဲ့ထည့်​​ပေးဖို့ဆုံးဖြတ်​လိုက်​သည်​။ဒါ​ပေမဲ့အန်​တီမြတို့ရဲ့​ရွေးခြယ်​မှု​ပေးခဲ့လို့စစ်​နိုင်​ဒီအိမ်​ကိုသမီး​လေးနဲ့​ရောက်​လာခဲ့တာ။
ထို​ရွေးခြယ်​မှုက...
"​မောင်​စစ်​နိုင်​​မြေး​လေးကိုမခွဲနိုင်​ဘူးဆိုတာအန်​တီနားလည်​ပါတယ်​၊ဒါ​ကြောင့်​​မောင်​စစ်​နိုင်​သမီး​လေးနဲ့အတူ​နေရမယ်​အခွင့်​အ​ရေးကိုအန်​တီ​ပေးမယ်​..."
"ဗျာ..တ.တကယ်​လားအန်​တီ၊ကျွန်​​တော်​သမီး​လေးနဲ့အတူ​နေလို့ရလား.."
"အင်း..ဒါ​ပေမဲ့​မင်းအန်​တီတို့အိမ်​မှာအလုပ်​သမားတစ်​​ယောက်​လို​နေရမယ်​၊အိမ်​အတွက်​မင်းဘာမဆိုလုပ်​​ပေးနိုင်​ရမယ်​.."
"ဟုတ်​..ဟုတ်​ကဲ့အန်​တီ၊သမီး​လေးနဲ့သာအတူ​နေရမယ်​ဆိုရင်​ကျွန်​​တော်​ဘာမဆိုအားလုံးလုပ်​​ပေးပါ့မယ်​.."
"မင်း​ပြောတဲ့စကား​နော်​၊ဘာမဆိုဆိုတာ.."
"ဟုတ်​.ကျွန်​​တော်​လုပ်​ပါ့မယ်​.."
စစ်​နိုင်​သူမကိုကြည့်​ကာရဲရဲကြီးအာမခံလိုက်​သည်​။တကယ်​ပဲသမီးနဲ့​နေရမယ်​ဆိုရင်​သူဘာမဆိုလုပ်​ဖို့အသင့်​..
ဒါ​ကြောင့်​လဲဒီ​နေ့သူတို့သားအဖဒီအိမ်​ကို​ပြောင်းလာကြတာဖြစ်​သည်​။
ရောက်​​ရောက်​ခြင်းမှာပဲသူ့သမီး​လေးကိုတီခက်​နဲ့တီစက်​ကဝိုင်းကြည့်​ကာပြုံးကာရယ်​ကာကြည့်​ရင်းနှင်းနှင်းရဲ့ကိုယ်​ပွား​လေးဆိုပြီမျက်​ရည်​​တွေကျလို့​နေကာသမီး​လေးကိုနမ်းကြသည်​။
နှင်းရဲ့စကားအရသူ့မှအကိုတစ်​​ယောက်​​မောင်​တစ်​​ယောက်​ရှိတယ်​တဲ့။ဒါ​ပေမဲ့သူတို့ကိုစစ်​နိုင်​မ​တွေ့ရ​သေး။ယောက္ခထီးဖြစ်​တဲ့ဦးမင်း​ကျော်​က​တော့သူ့ကိုကြည်​ပုံမရပဲသူတို့​ရောက်​ဆိုအိမ်​​ပေါ်သို့တန်းတတ်​သွားသည်​။
"​မောင်​စစ်​နိုင်​.."
"ဗျာ.အန်​တီ.."
"သမီးကို​တော့ငါတို့ဒီအိမ်​ထဲမှာထားမယ်​၊မင်းက​တော့အိမ်​​နောက်​ကအလုပ်​သမားအ​ဆောင်​မှာ​နေရမယ်​.."
"ဟုတ်​ကဲ့အန်​တီ.."
"အလုပ်အားရင်​​သမီး​လေးနဲ့လာ​တွေ့လို့ရတယ်​.."
"​ကျေးဇူးပါအန်​တီ.."
"မလိုပါဘူး၊ဒါကငါ့သမီးနှင်းနှင်းရဲ့​နောက်​ဆုံးဆန္ဒကိုငါတို့လုပ်​တာ.."
"ဒယ်ဒီ၊​မာမီ၊တီသက်​၊တီခက်​သားပြန်​လာပြီ.."
ထုံးစံအတိုင်း​အသံစာစာနဲ့​အော်​​ခေါ်ကာဝင်​လာတဲ့မိုးစက်​ကအိမ်​ထဲမှစစ်​နိုင်​ကိုမြင်​​တော့​နေရာမှာတင်​ရပ်​သွားကာစစ်​နိုင်​ကိုကြည့်​လို့​နေသည်​။
"လာ​လေသားငယ်​.ဘယ်​​တွေသွား​နေတာလဲ..ဒီမှာမင်းတူမ​လေးပါလာတယ်​"
"ဟုတ်​..သားဆူးတို့အိမ်​ဘက်​​ရောက်​​နေလို့ပါ၊ဒါမမရဲ့သမီး​လေး​ပေါ့​နော်​.."
"ဟုတ်​တယ်​သား၊ဒါမင်းမမရဲ့သမီး​လေးပဲ.."
ဆူးသမီး​လေးကိုကြည့်​ကာမမကိုပြန်​မြင်​လာပြီးမျက်​ရည်​များဝိုင်းလာကာမမကိုသတိရသွားပြီးမျက်ရည်များ​​ကျဆင်းလို့လာပြီးသမီ​လေးကိုနမ်းလိုက်​သည်​။
"သူကမင်းမမရဲ့အမျိုးသားစစ်​နိုင်​ဦးတဲ့..."
မိုးစက်​သူ့ကိုလှည့်​ကြည့်​​တော့သူကမိုးစက်​ကိုပြုံးပြသည်​။သူ့ကိုမြင်​ရင်​မိုးစက်​ဘာဖြစ်​မှန်းမသိဖြစ်​​နေသည်​။
တည်​ကြည်​တဲ့မျက်​ဝန်းအစုံနဲ့သူ့ကိုကြည့်​​နေတဲ့စစ်​နိုင်​ကိုမိုးစက်​ပြန်​ပြုံးပြလိုက်​သည်​။
စစ်​နိုင်​ကလူ​ချောတစ်​​ယောက်​ပါ။ဆံပင်​ရှည်​ရှည်​​လေး​တွေကဂုတ်​​ပေါ်မှာဝဲ​နေပြီး​ဘေးကိုခွဲထားသည်​။
အထူးသဖြင့်​စစ်​နိုင်​ရဲ့အကြည့်​​တွေကစူးရှပြီးဆွဲ​ဆောင်​မှုရှိလှသည်​။
"ကဲဒါဆို​မိစု..မောင်​စစ်​နိုင်​ကိုသူ​နေရမဲ့အခန်းကိုလိုက်​ပြလိုက်​ပါ.."
"ဟုတ်​ကဲ့အန်​တီမြ.."
မိစုကစစ်​နိုင်​ကို​ခေါ်သွားကာ​နေရမဲ့အခန်းကို​ခေါ်သွားသည်​။
"မာမီ..သူ့ကိုဘယ်​မှာထားတာလဲ.."
"သူ့ကဒီအိမ်​ကိုအလုပ်​သမားအဖြစ်​​ရောက်​လာတာပဲ၊ဒါ​ကြောင့်​သူ့ကိုအလုပ်​သမား​တွေ​နေတဲ့​နေရာကိုထားတာ​ပေါ့.."
"သူကမမရဲ့.."
"​တော်​​တော့သားငယ်​၊သူဒီအိမ်​ကိုအလုပ်​သမားအဖြစ်​​ရောက်​လာတာ၊ဒီအိမ်​အတွက်​ဘာမဆိုလုပ်​​ပေးမယ်​ဆိုပြီးသူလိုက်​လာတာ၊မာမီတို့ကသမီးနှင်းနှင်းဆန္ဒအရသမီး​လေးကို​စောင့်​​ရှောက်​ဖို့ပဲ၊သူ့ကိုမပါဘူး.."
"ဒါ​ပေမဲ့.."
"​တော်​​တော့သားငယ်​..မင်းဒယ်​ဒီကလဲဒီကိစ္စကိုလက်​ခံမှာမဟုတ်​ဘူး၊သားက က​လေး၊က​လေးက​လေး​နေရာ​နေ.."
မိုးစက်​​ပြောမရ​တော့နှုတ်​ခမ်းကြီးစူကာအိမ်​​ပေါ်သို့တတ်​သွား​တော့သည်​။တီစက်​တို့က​တော့နှင်း​ရောင်​စဉ်​​လေးကိုတစ်​လှည့်​စီ​ပွေ့ကာကျန်​​နေခဲ့​တော့သည်​။

You've reached the end of published parts.

⏰ Last updated: Apr 03, 2019 ⏰

Add this story to your Library to get notified about new parts!

ဆူးWhere stories live. Discover now