ဆူး (Part-4)

13 0 0
                                    

ဆူး

Part - 4

စာ​မေးပွဲ​ဖြေ​နေရင်းအခန်း​ရှေ့မှကိုကိုနဲ့မမြတ်​စုမွန်​တို့တစ်​​ယောက်​နဲ့တစ်​​ယောက်​ပြုံးကာကြည့်​​နေတာကိုဆူးပြန်​မြင်​နေမိသည်​။
"ညီတို့အ​ကောင်းဆုံး​ဖြေရမယ်​​နော်​၊ဂုဏ်​ထူး​တွေထွက်​​အောင်​ကြိုးစားရမယ်​..ကိုကိုဂုဏ်​ယူရတဲ့သူ​လေး​တွေဖြစ်​​စေချင်​တယ်​၊ဒါ​ကြောင့်​အ​ကောင်းဆုံးကြိုးစားခဲ့ကြ.."
အခန်းထဲမဝင်ခင်​​​ကိုကို့ရဲ့ဩဝါဒစကား​တွေကိုပြန်​ကြားကာဆူး​မေးခွန်းလွှာစာရွက်​အ​ပေါ်အာရုံပြန်​ထည့်​လိုက်​သည်​။
"ဆူး.."
စာ​မေးပွဲခန်းထဲဝင်​ခါနီး​ခေါ်သံ​ကြောင့်​ဆူးလှည့်​ကြည့်​လိုက်​​တော့​ဗညားကသူ့ဆီကို​လျှောက်​လာ​ကာ...
"ဆူးကိုကိုကို့ရဲ့အား​တွေး​ပေးမလို့..."
ပြောကာဆူးရဲ့လက်​နှစ်​ဖက်​ကိုဆုပ်​ကိုင်​လိုက်​သည်​။ဆူးသူ့ရဲ့မျက်​လုံး​တွေကိုကြည့်​​တော့သူကပြုံး​နေကာဆူးအား​ကြွေသွား​အောင်​လုပ်​​နေသလိုပင်​။
"ကိုကိုအား​တွေ​ပေးလိုက်​ပြီ​နော်​၊ဆူးဂုဏ်​ထူးထွက်​​အောင်​​ဖြေရမယ်​​နော်​.."
"အင်း.."
သူ့ရဲ့အကြည့်​​တွေကိုအင်းတစ်​လုံးတည်းဖြင့်​သာ​ပြောပြီးအခန်းထဲဝင်​ခဲ့ရသည်​။
တစ်​​နေ့ထက်​တစ်​​နေ့...
ကိုကို့ရဲ့အကြည့်​​တွေကိုဆူးသ​ဘောကျလာခဲ့သလိုကိုကိုရဲ့အပြုံး​တွေမြင်​ရရင်​ဆူး​ပျော်​​နေခဲ့ပြီ။
အစားထိုးပြီးပဲနမ်းခဲ့ပါ​စေကိုကိုရဲ့အနမ်း​လေးကိုပြန်​​တွေးတိုင်းဆူးရင်​ခုန်​​နေရသည်​။
ကိုကိုနဲ့မမြတ်​စုမွန်​အ​ကြောင်းကို​တွေးရင်​ဆူးဝမ်းနည်းသည်​။ဒါ​ပေမဲ့ဆူးအနားကိုကိုကို​ရောက်​လာတိုင်းဆူး​ကျေနပ်​ခဲ့ရ​တော့ထိုအခိုက်​အတန့်​​လေးကို​မျှော်​လင့်​ရင်း​နေသာခဲ့ရသည်​။
ဒါဘာလို့လဲ....
ဆိုတဲ့​မေးခွန်းကိုဆူးထုတ်​ကြည့်​ခဲ့သည်​။
အရင်းနီးဆုံးသူငယ်​ချင်းဖြစ်​တဲ့မိုးစက်​ကိုဆူးတစ်​​နေ့​လောက်​ကရင်​ဖွင့်​တိုင်​ပင်​ခဲ့​သေးသည်​။အဲဒီ​တော့မိုးစက်​ဆီကအ​ဖြေက..
"ဆူး..မင်းgayဖြစ်​​နေပြီလို့ငါထင်​တယ်​၊မင်းငါ့ကိုကို ကိုကြိုက်​​နေတာ၊မဟုတ်​ဘူးချစ်​​နေတာလို့ငါထင်​တယ်​.."
တဲ့။မိုးစက်​ရဲ့စကားကိုကြားလိုက်​ရ​တော့ဆူးတုန်​လှုပ်​သွားခဲ့ရသည်​။
gayတဲ့...
gayဆိုတာလူထဲကလူဆို​ပေမဲ့ထူးဆန်းတဲ့လူ။အဲဒီအဓိပ္ပါယ်​ကိုဆူးအစကသ​ဘောမကျခဲ့။
ကိုကို့ကိုချစ်​တာတဲ့...
သူဘာသာ​ကောက်​ချက်​​တွေချ​ပေးကာဆူးကိုပြုံးစိစိလုပ်​ရင်းကြည့်​ကာ..
"အံမယ်​..ဆူးကငါ့ရဲ့​ယောက်​ဖဖြစ်​ရမှာထင်​တယ်​၊မဟုတ်​ပါဘူး၊မရီး၊အဲဒါလဲမဟုတ်​ဘူး..အဟိ..ငါသ​ဘောတူတယ်​သိလား၊မင်းသာကိုကို့ကိုရ​အောင်​ကြိုးစား၊ကိုကိုကမင်းကိုချစ်​တယ်​ဆိုရင်​..ဟင်း..​တွေးကြည့်​တာနဲ့တင်​ရင်​ခုန်​စရာကြီး..."
ပြောရင်းပြုံးစိစိနဲ့လုပ်​​နေ​တော့ဆူးရှက်​သလိုဖြစ်​သွား​ပေမဲ့မိုးစက်​ဆိုတာအတွင်းသိအဆင်းသိသူငယ်​ချင်းဖြစ်​၍..
"မိုးစက်​​နော်​၊ဘာ​တွေ​ပြော​နေမှန်းမသိဘူး၊မင်းရဲ့ကိုကို့မှာချစ်​သူရှိတယ်​​လေ၊​နောက်​ပြီးသူကငါ့ကိုကြိုက်​မှာမဟုတ်​ပါဘူး.."
"မဖြစ်​နိုင်​တာဘာမှမရှိပါဘူး​ယောက်​ဖ​လေးရ၊ငါမင်းကို ကိုကိုကြိုက်​လာ​အောင်​ငါ​ကူညီ​ပေးမယ်​.အဟိ.."
သူဖာသာ​ပြောကာသ​ဘော​တွေကျပြီးရယ်​​မော​နေတဲ့မိုးစက်​ကိုကြည့်​ကာဆူးပြုံးလိုက်​မိသည်​။စိတ်​ထဲမှာ​တော့...
ကိုကိုကငါ့ကိုချစ်​မှာမဟုတ်​ပါဘူးလို့​ပြော​နေမိသည်​။
"ဆူး..ဘယ်​လိုလဲ​ဖြေနိုင်​လား.."
စာ​မေးပွဲအခန်းထဲမှ​စောစီးစွာထွက်​လာတဲ့ဆူးကိုဗညား​မေးလိုက်​ခြင်းဖြစ်​သည်​။
"အင်း​ဖြေနိုင်​ပါတယ်​၊ကိုကို​ပေးလိုက်​တဲ့အား​တွေ​လေ.."
"အဟင်း..အဟင်း.."
ချောင်းသံ​ပေးကာထွက်​လာတဲ့မိုးစက်​ကသူတို့ကိုကြည့်​ကာပြုံးစိစိနဲ့..
"ကိုကိုညီ​လေးကို​ရောမ​မေး​တော့ဘူးလား.."
ဆူးကိုပြုံးပြုံးကြီးကြည့်​​နေတဲ့ဗညားကို​မေးလိုက်​​တော့ဗညားမှာသူ့ညီကိုကြည့်​ကာ..
"ညီ​လေးက​နောက်​မှထွက်​လာတာကိုး..ဘယ်​လိုလဲညီ​ရော​ဖြေနိုင်​တယ်​မဟုတ်​လား.."
"ကိုကို့ညီပါ..."
"ဂုဏ်​ထူးနဲ့​ပေါ့.."
"Resultထွက်​ရင်​သိမယ်​.."
"ဟင်​..အဟုတ်​မှတ်​လို့၊ကဲငါ့ညီ​တွေက​တော်​လိုက်​တာကွာ၊​နောက်​​နေ့​တွေလဲအဲလိုဖြစ်​​အောင်​ကြိုးစာရမယ်​.."
"ကို..."
ထိုစဉ်​မြတ်​စုမွန်​​ရောက်​လာသည်​။သူ့ရဲ့​ဘေးမှာလဲသူ့ညီမသဲစုမွန်​တို့အဖွဲ့...
"မြတ်​..ဒါကိုယ့်​ရဲ့ညီ​လေ၊​တော်​ဝင်​မိုးစက်​တဲ့၊သူကကိုယ့်​ရဲ့ညီအရင်းလိုချစ်​ရတဲ့သူ​ပေါ့နာမည်​ကအလင်းဆူးတဲ့.."
"ဟုတ်​ပါပြီကိုရဲ့၊ဒါကမြတ်​ရဲ့ညီမ​လေးသဲစုမွန်​တဲ့ကိုသိမှာပါ.."
"အင်းသိပါတယ်​.ညီမတို့​ဖြေနိုင်​ကြလား.."
"ဟုတ်​​ဖြေနိုင်​ပါတယ်​ကိုကို.."
"အင်းအင်း..​ကောင်းတယ်​..​ကောင်းတယ်​..ကဲမြတ်​ကိုယ်​တို့ပြန်​​တော့မယ်​၊​နောက်​​နေ့အတွက်​ကိုယ့်​ညီ​တွေကိုပြင်​ဆင်​​ပေးရအုံးမယ်​.."
"​ကောင်းပါပြီရှင်​.."
နှုတ်​ဆက်​ကာသူတို့ပြန်​လာခဲ့ကြသည်​၊ဒီ​နေ့​တော့မိုးစက်​က​နောက်​အခန်းမှာထိုင်​ပြီးဆူးကိုဗညား​ဘေး၌ထိုင်​ခိုင်းလိုက်​သည်​။
"ကိုကို..."
"ဟင်း..."
မိုးစက်​က​ခေါ်၍ဗညားထူးလိုက်​သည်​။
"ကိုကိုကမမြတ်​စုမွန်​ကိုတကယ်​ချစ်​လား..."
"ဟင်​..ဒီက​လေးဘာ​တွေ​မေး​နေတာလဲ၊က​လေးက​လေး​နေရာ​နေပါ..."
"ညီ​လေးက က​လေးမဟုတ်​​တော့ပါဘူး​နော်​၊ချစ်​တတ်​တဲ့နှလုံးသားရှိတဲ့လူပျို​လေးတစ်​​ယောက်​ဖြစ်​​နေပြီ၊ဆူးကိုလဲ​မေးကြည့်​အုံး၊သူ့မှာချစ်​ရတဲ့သူရှိ​နေပြီကိုကိုရ..."
မိုးစက်​ရဲ့စကား​ကြောင့်​ဗညားကသူ့ကိုလှည့်​ကြည့်​၍ဆူးမျက်​လုံးပြူးသွားရသည်​။ပွင့်​ပွင့်​လင်းလင်း​ပြောတတ်​တဲ့မိုးစက်​သာအမှန်​တိုင်း​ပြောလိုက်​ရင်​ဆူးဘယ်​ထွက်​​ပြေးရမှန်းမသိ​အောင်​အရှက်​ရမှာ...
"ဟုတ်​လားဆူး..ဘယ်​သူလဲ၊ဘယ်​ကလဲ၊ဘာလုပ်​တာလဲ.."
"ဟင်​..."
"ကိုကိုကလဲ..က​လေး​တွေကိစ္စကိုလူကြီး​တွေမသိချင်​ပါနဲ့.."
ဆူးဘာ​ဖြေရမှန်းမသိ၍ဗညားအားပြူးကြည့်​​နေ​တော့မိုးစက်​ကပဲဝင်​၍​ဖြေသည်​။
"မိုးစက်​ငါမင်းကိုမ​မေးပါဘူး၊ဆူးသူ​ပြောတာဟုတ်​လား.ဘယ်​သူလဲလို့ကိုကို​မေး​နေတယ်​​လေ.."
"ကိုကို​လေ..."
"ဟင်​.."
မိုးစက်​ကကြားက​နေဝင်​​ပြော​တော့ဗညား​ကြောင်​​တောင်​​တောင်​ဖြစ်​သွားသည်​။နောက်​မှ..
"ကိုကိုတကယ်​ထင်​​နေတာလား..ဟား..ဟား..ဟား..ကိုကို..ဆူးချစ်​​နေတာကမြတ်​နိုး​မေ.."
မိုးစက်​က​နောက်​မှ​ရှော့ချလိုက်​ပြီးမြတ်​နိုး​မေကိုလွှဲချလိုက်​၍ဆူးဟင်းချလိုက်​နိုင်​သည်​။
တဖက်​သားမိန်းက​လေးအတွက်​မ​ကောင်း​ပေမဲ့အခုအခက်​အခဲကိုဒီနည်းကသာလွယ်​ကူ​စေမည်​ဖြစ်သည်​။
"မြတ်​နိုး​မေလား..သူဆိုရင်​​တော့မဆိုးပါဘူး၊ဒါ​ပေမဲ့ဆူး..စာ​မေးပွဲပြီး​အောင့်​​စောင့်​လိုက်​ပါအုံး၊အခုချိန်​မှာစာကိုပဲ​ခေါင်းထဲထည့်​ထား၊တခြားကိစ္စ​တွေကိုဘာမှ​ခေါင်းထဲထည့်​မထားနဲ့..ကြားလား.."
"ဟုတ်​..ဟုတ်​ကိုကို.."
"ဟင်​..ကိုကိုကလဲဆူးကိုမခြုတ်​ခြယ်​ပါနဲ့၊ဆူးကကိုကိုညီ​တော်​ဝင်​မိုးစက်​မဟုတ်​ဘူး​နော်​..."
"သိပါတယ်​..မင်းကမစွံ​တော့ဘာမှ​ပြောစရာမလိုဘူး။ဆူးဆိုတာလဲကိုကိုရဲ့ညီပါပဲ၊အဲဒါ​ကြောင့်​မဖြစ်​သင့်​တာမဖြစ်​​အောင်​ကိုကိုက​တော့တားရမှာပဲ..ဆူး..."
"ဗျာ..."
"ကိုကို့စကားကိုနား​ထောင်​မယ်​မဟုတ်​လား.."
"ဟုတ်​.."
"အဟင်း..အဟင်း..နား​ထောင်​မှာပါ၊ကိုကိုကဆူးရဲ့အချစ်​​တော်​ကိုကိုပဲဟာ.."
မိုးစက်​ကမထိတပါးထိတပါး​ပြောလိုက်​ခြင်းဖြစ်​၍ဆူးမှာမျက်​နှာပျက်​သွား​ပေမဲ့ဗညားက​တော့ရိုးရိုးသာ​တွေး၍ပြုံးလို့​နေသည်​။
ဒီမိုးစက်​နဲ့​တော့ခက်​ပါတယ်​...
မင်းကိုဖွင့်​​ပြောမိတာကိုကငါ့အမှား....

ဆူးWhere stories live. Discover now