Part-1

395 33 12
                                    

" Nong Nong ကို အပ်ပါတယ်နော် မလိမ္မာတာရှိရင် ဆုံးမပါ အမရယ်"

"ကလေးက လိမ္မာမယ့်ပုံလေးပါ ညီမရယ်
ချစ်လည်းချစ်စရာလေး"

နံနက်အိပ်ယာထပြီး အောက်ထပ်သို့ ဆင်းအလာကြားရတဲ့ စကားသံတွေကြောင့် ဆက်မဆင်းလာသေးဘဲ လှေကားတွင် ရပ်ကာအသာနားထောင်နေမိသည်။
ဧည့်သည်လာလေ့လာထသိပ်မရှိသော အိမ်မို့
အမေနှင့် စကားပြောနေသူကို သေသေချာချာသိရရန် ချောင်းသံပေးကာ ဧည့်ခန်းထဲ ခပ်တည်တည် ဝင်လာခဲ့လိုက်သည်။

" နိုးလာပြီလား သား.... လာ လာ ဒီကို လာထိုင်ပါဦး"

ချောင်းသံကြောင့် သူ့ကိုမြင်သွားပုံရတဲ့ အမေက လာထိုင်ဖို့ ခေါ်တာမို့ ဝင်ထိုင်ရင်း အမေနဲ့ အတူ စကားပြောနေတဲ့ အန်တီကြီးကို မသိမသာ အကဲခတ်မိသည်။ သူအကဲခတ်နေတာကို သိတဲ့အမေက သူ့ကို အန်တီကြီးနဲ့
မိတ်ဆက်ပေးလာသည်။

"သား ဒါက သားကို မေမေ ဟိုနေ့က ပြောတယ်လေ မေမေတို့ အိမ်မှာ နေပြီး ကျောင်းတက်မယ့် ကလေးဆိုတာလေ သားမှတ်မိလားတော့ မသိဘူး မေမေတို့နယ်မှာနေတုန်းက ဘေးအိမ်မှာနေခဲ့တဲ့ အန်တီချန်လေသူ့သားလေး သားရဲ့"

မေမေပြောမှ ငယ်ငယ်က နယ်မှာနေစဉ်က ဘေးအိမ်က အပြုံးချိုချိုနဲ့ အန်တီ အပျိုကြီးကို မြင်ယောင်လာ
သည်။တစ်ဆက်တည်းလွန်ခဲ့နှစ်ရက်ကအမေပြော
သည့် နယ်မှ မိတ်ဆွေတစ်ယောက်ရဲ့သားလေး အိမ်မှာနေပြီး ကျောင်းတက်မည်ဆိုသည်ကို သတိရလာသည်။

"မှတ်မိပြီ အန်တီ အဲ့တုန်းက အန်တီက ...."

"ဟုတ်တယ် သားရေ ကြီးမှ ဝက်သက်ပေါက်တယ်ပြောရမလားပဲကွယ် 😂😂😂😂"

" အန်တီချန်က သူ့သားလေးကို Beijing မှာ ကျောင်းထားမလို့ သားရဲ့ Nong Nong လေးက ခုကျောင်းဖွင့်ရင် အလယ်တန်း စတက်မှာလေ "

"ဟုတ်တယ် Kun Kun ရေ နယ်မှာထားလဲ ရပေမယ့် အန်တီတို့မှာက သားလေးတစ်ယောက်ပဲရှိတာ အသက်ကြီးမှရတာ ဆိုတော့ သူ့အဖေရော အန်တီရော က ပညာရေးမှာအရမ်းဖြစ်စေချင်တယ်လေ အဲ့တာကြောင့်တခြားသင်တန်းတွေပါတက်လို့ရ
အောင် Beijing မှာ ကျောင်းထားဖို့ ဆုံးဖြတ်လိုက်တာ Kun Kun ရေ ။ သားကိုလည်း အပ်ပါတယ် သားရယ် သားညီလေးကို ဆုံးမနော်
မလိမ္မာတာတွေ့ရင် ရိုက်လို့လည်းရတယ် သိလား"

ကိုကိုWhere stories live. Discover now