" သား နောက်အပတ်လောက်ကျောင်းက အဆောင်မှာ
ပြောင်းနေတော့မလို့ မာမား Cai"ပြောစရာရှိလို့ ဆိုကာ လာခေါ်၍ ဧည့်ခန်းထဲ လိုက်လာပြီး ထိုင်တယ်ဆို ပြောလိုက်သော စကားကြောင့် အံ့ဩသွားရသည်။ အလယ်တန်းကတည်းက သူတို့အိမ်မှာ လာနေကာ ကျောင်းတက်နေသော Nong Nong သည် ယခုဆိုလျှင် အထက်တန်းပြီး၍ တက္ကသိုလ်
တောင် တက်တော့မည်။"ဘယ်လို ဖြစ်တာလဲ Nong Nong ရယ်
ရုတ်တရက်ကြီး"လိမ္မာရေးခြားရှိကာ သူ့အတွက်လည်း စကားပြောဖော် အပြင် ကူဖော်လောင်ဖက်ဖြစ်သော Nong Nong ကို သံယောဇဉ်ဖြစ်နေသော မေမေက စိတ်မကောင်းဟန်နှင့်ဆိုသည်။
"ရုတ်တရက်ကြီး မဟုတ်ပါဘူး မာမား Cai ရဲ့ သားက အရင်ကတည်းက တက္ကသိုလ်တက်ရင် အဆောင်
ပြောင်းနေဖို့ တွေးထားတာ ကျောင်းနဲ့နီးနီးနားနား
ဖြစ်အောင်ရော စာတွေများတဲ့အခါတွေကျ မိုးချုပ်တဲ့ထိနေလည်း အဆင်ပြေအောင်လို့ပါ မေမေ့ကို
ပြောတော့လည်း သဘောတူတာနဲ့ ပြောင်းဖြစ်သွားတာ။
သား မကြာ မကြာ လာလည်မှာမို့ စိတ်မကောင်း
မဖြစ်နဲ့နော်"Nong Nong ကအကျိုးသင့် အကြောင်းသင့် ရှင်းပြ
တော့ မေမေက စိတ်မကောင်းပေမယ့် ဆက်မပြော
တော့။"နောက်အပတ်ကို ဘယ်နေ့လောက် ပြောင်းမှာလဲ Nong Nong??"
"မသိသေးဘူး ကိုကို ကျွန်တော့်အဆောင်က အခန်းဖော်ကို မေးရဦးမယ် သူဘယ်နေ့ပြောင်းလာမလဲလို့ သူပြောင်းလာမယ့်နေ့ကို ကျွန်တော်လည်း ပြောင်းမလားလို့"
"ပြောင်းမယ့်ရက် သေချာရင် ကိုကို့ကို ပြော မင်း
အဆောင်နေရာ သိရအောင် လိုက်ပို့မယ်။""ဟုတ် သိရရင် ပြောမယ်လေ အခု ကျွန်တော် အခန်းထဲ သွားတော့မယ်နော် စာကြည့်စရာရှိသေးလို့"
Nong Nong အခန်းထဲ ရောက်သွားမှ မေမေက စိတ်မကောင်းသည့်အသံနှင့် စကား စ လာသည်။
"အိမ်နဲ့ သူ့ကျောင်းက ဝေးလို့သာပြောင်းဖို့ကို
မတားတော့တာ ကလေးတွေချည်းပဲနေရင်
အစားအသောက်မှန်မှန်မစားတာတို့ ညဘက်မအိပ်ဘဲ Game ဆော့နေတာတို့ လုပ်နေရင် ဘယ်လိုလုပ်မလဲ နေမကောင်းဖြစ်ရင်လည်း ကလေးချင်းဆိုတော့
စောင့်ရှောက်တတ်ကြမှာ မဟုတ်ဘူး😪😪😪"

YOU ARE READING
ကိုကို
Short Storyကိုကိုနဲ့လက်ထပ်ဖို့လည်း မဖြစ်နိုင် ကိုကိုမဟုတ်တဲ့ အခြားတစ်ယောက်ကိုလည်း လက်မထပ်နိုင်နဲ့ ကျွန်တော် ရူးတော့မယ်ထင်တယ် ကိုကိုရယ်