" ကိုကို့ကို ကျွန်တော်ချစ်တယ်"
"ဘာ ဘာ ပြောလိုက်တာ Nong Nong ကိုကို နားကြားမှားတာ မဟုတ်ပါဘူးနော်"
မယုံကြည်နိုင်သလို မျက်နှာနဲ့ ပြန်မေးလာသော ကိုကို။ဟုတ်ပါတယ်လေ သူတောင် ခုထိ ယုံနိုင်ဖို့ ခက်ခဲနေသေးတာ ကိုကို ယုံဖို့ဆိုတာ အဝေးကြီးမှာ။
ဒီအိမ်မှာ နေခဲ့တဲ့နှစ်တွေမှာ ကိုကိုက သူ့ကို ညီလေးလိုပြီးတော့ သူ နောက် နောက် ပြီး ပြောနေသလို သူ့ရဲ့မွေးစားသားလေးလို သဘောထားခဲ့မှာ အသေအချာ။ Nong Nong ဘက်က ဒီလို မဟုတ်မဟတ်အတွေး
တွေ တွေးနေလိမ့်မယ်လို့ သူအိပ်မက်ထဲတောင်
ထည့်မက်ခဲ့မှာမဟုတ်။"ဘယ်အချိန်မှာ စပြီး ချစ်ခဲ့သလဲ ကျွန်တော်မသိဘူး ကျွန်တော်သိတဲ့ အချိန်မှာ ကိုကို့ကို ကျွန်တော်အရမ်း
ချစ်မိနေပြီ ကိုကိုက ကျွန်တော့်ကို ပြန်ချစ်ဖို့လည်း
မမျှော်လင့်ခဲ့ပါဘူး ဖွင့်ပြောဖြစ်မယ်တောင် မထင်ခဲ့တာ"ကိုကိုကတော့ Nong Nong ကြောင့် shock အကြီးကြီး ရသွားပုံရသည်။ ခုထိ အံ့ဩနေသလို မျက်နှာနှင့် စကားမပြောနိုင်သေး။
"မဖြစ်သင့်မှန်း သိလို့ ကျွန်တော် ရပ်တန့်ဖို့ ကြိုးစားခဲ့တယ် ကိုကို့ကို ရှောင်နေလိုက်ရင် ကိုကိုနဲ့မတွေ့ဘဲနေလိုက်ရင် ကျွန်တော့်ခံစားချက်တွေက တဖြည်းဖြည်း
မှေးမှိန်ပြီး ပျောက်ကွယ်သွားမယ် အဲ့အချိန်ကျ အရင်လို ကိုကို့ညီလေးအဖြစ်နဲ့ ပြန်နေမယ်တွေးခဲ့တာ
တကယ်တမ်းတော့ အဲ့လိုဖြစ်မလာဘူးကိုကို။
ကျွန်တော့အပေါ် သားအရင်းလို ညီအရင်းလို ချစ်ပေးတဲ့ မာမား Cai နဲ့ ကိုကို့ကို မျက်နှာတွေကို မြင်ယောင်မိတိုင်း ဒီလိုတွေ တွေးမိတဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်းမုန်းတာပဲ။
ခုတော့ ကျွန်တော့်မှာ ကိုကိုမဟုတ်တဲ့ အခြားတစ်ယောက်ကိုလည်း မချစ်နိုင် ကိုကိုနဲ့ချစ်ဖို့ကလည်း မဖြစ်နိုင်နဲ့ ရူးတော့မှာပဲ ကိုကိုရာ"Nong Nong ကတော့ တစ်ချိန်လုံး မျိုသိပ်ထားရသည့် စကားများကို ဖွင့်ပြောခွင့်ရလိုက်လို့ ရင်ထဲပေါ့သွားသလို ခံစားရပေမယ့် ကိုကိုကတော့ စကားတစ်ခွန်းမှပြန်မပြောလာသေး။အတန်ကြာငြိမ်သက်နေပြီးမှ စကား စ လာသည်။
YOU ARE READING
ကိုကို
Short Storyကိုကိုနဲ့လက်ထပ်ဖို့လည်း မဖြစ်နိုင် ကိုကိုမဟုတ်တဲ့ အခြားတစ်ယောက်ကိုလည်း လက်မထပ်နိုင်နဲ့ ကျွန်တော် ရူးတော့မယ်ထင်တယ် ကိုကိုရယ်