မိုးသဲတဲ့...ည part 2

2.3K 387 17
                                    

"မိုးသည်းတဲ့ ည''
ဒုတိယ ပိုင်း..

အားပေးကြပါဦး 😘❤

Rosa's POV

Jungkook ဆိုတဲ့ ယုန်ကောင်လေးက ကျမ ရဲ့ ပစ္စည်း တွေကို သူ့ရဲ့ Jin Hyung ဆိုတဲ့ တယောက်ရဲ့ အခန်းထဲက သွားပြန်ယူလာပေးပြီး အခန်းလွတ်တခုမှာ နေရာချပေးတယ်။
"ဘေးက ငါ့ အခန်းပဲ တခုခုဆို ငါ့ကို လှမ်းပြောလိုက်ပါ... ဒီ အိမ်ထဲမှာ ဟို ဟို ဒီဒီ လျှောက်မသွားဖို့တော့ ထပ်မှာပါရစေ..ငါ့အကိုတွေ အနှောင့်အယှက်ဖြစ်မှာ စိုးလို့''
Jungkook ပြောစကားကို ကျမ ခေါင်းသာ ငြိမ့်ပြလိုက်နိုင်တယ် လာပြန်ပြီ သူ့အကို တွေဆိုတာ... ဒီလူတွေကို ကျမ အရမ်း ထိတ်လန့် နေပြီ။
"မင်းဗိုက်ဆာနေလား စားရောစားပြီးပြီလား... ဗိုက်ဆာရင်ပြောပါ ထမင်းတွေ ဟင်းတွေရှိနေသေးတယ်...ငါ့အကို ကြီး Jin Hyung က ဟင်းချက် သိပ်ကောင်းတာ'' Jungkook က ကျမသိပ်ပြီး လန့်နေတာကို ရိပ်မိတော့ နဲနဲပါးပါး နှစ်သိမ့် သလိုလေးပြုံးပြောရှာပါတယ်။
"မစားတော့ပါဘူး ကျမ ဗိုက်မဆာလို့ ပါ ကျေးဇူး ပါ''
"သြော် အင်း အဲ့ဆို ရင် လဲ ကောင်းပါပြီ ဗျာ..''
ပြီးတော့ Jungkook က ကျမ အခန်းထဲ ကထွက်သွားတော့တယ်။ ကျမလဲ သူထွက်သွားမှ သက်ပြင်းချနိုင်တော့တယ်။
ခဏ နေတော့ ကျမ အရမ်း ပင်ပန်း နေတာကြောင့် ခေါင်းအုံးပေါ် ခေါင်းချလိုက်ပြီး သိပ်မကြာခင် မှိန်းခနဲ ဖြစ်သွားပြန်တယ်။ ဒီ အချိန် မှာ တစ်ဖက် အခန်း Jungkook ဆိုတဲ့ ကောင်လေးရဲ့ အခန်းထဲက ယောကျာ်းလေးတွေ ၄... ၅ ယောက်စကားပြောနေကြသံကို သဲ့သဲ့ ကြားမိတော့ ကျမ သေချာ နံရံ နားကပ်ပြီး နားစိုက်ထောင်လိုက်တယ်။
NamJoon: Jungkook ရာ မင်း ရဲ့ ဧည့်သည်မလေးက ဘယ်က ဘယ်လို ရောက်လာမှန်းလဲမသိ ပြီးတော့ သူများ အခန်းတွေလဲ လျှောက်ဝင်နေသေးတယ်...

Jungkook: သူက Jin Hyung ရဲ့ အခန်းထဲ မှားဝင်မိတာပါ NamJoon hyung ရဲ့! ပြီးတော့ Jin Hyung ခြောက်လိုက်တော့ အရမ်း ကို ကြောက်သွားပုံပဲ...
Jin:ဟာ ငါခြောက်လိုက်တာ မဟုတ်ပါဘူး သူ့ဖာသာ ငါ့ကုတင်ပေါ်တက်အိပ်နေတာ ငါတောင်မသိဘူး.. ငါလဲ သူ့ကို တွေ့တော့ ပထမ လန့်သွားသေးတယ်... hahahaha...

အမလေးနော်... Jin Hyung ရဲ့ ရယ်သံ ကြီးက လဲ ကြောက်စရာကြီး။ (Rosa အတွေး😝)

The Night Cruise (BTS Horror Stories) Where stories live. Discover now