လူယောင်ဆောင်တဲ့ နတ်သမီး ပုံပြင်
အပိုင်း ၂Seonbi ၇ယောက် နဲ့ ဒုက္ခရောက်လာရှာတဲ့ Han Yuri တို့ တွေ တွေ့ဆုံခဲ့ကြတယ်။
အဲ့ဒီနောက်...
Kim အိမ်တော်မှာ ယခင်က အလုပ်လုပ်ခဲ့ဖူးတဲ့ အဖွားအို Yeon Jun ဆိုတာ ရှိဖူးတယ်။ အဖွားအို Yeon Jun ဟာ အခုတော့ မင်းနေပြည်တော်နဲ့ သိပ်မဝေးတဲ့ရွာငယ်လေးမှာ သမီးဖြစ်သူနဲ့ နှစ်ယောက်တည်း နေနေတယ်။
ဒါကြောင့် Yuri အတွက် လုံခြုံ စိတ်ချရတာမို့ သူတို့ ၇ယောက်က သူမကို အဖွားအို Yeon Jun တို့သားအမိ အိမ်မှာ အပ်ထားပြီးနေစေခဲ့တယ်။
အဖွားအို သားအမိကလည်းသူမကို နွေးထွေးကောင်းမွန်စွာဆက်ဆံရှာပါတယ်။
ဒီလိုနဲ့ သူတို့ ၇ယောက်နဲ့ Yuri တို့ဟာ သူတို့ အပန်းဖြေနေကျ တောအုပ်ထဲမှာ မကြာခဏ တွေ့ဆုံကြတယ်။ ပြီးတော့... ရွယ်တူသက်တူ ယောကျာ်း လေးတွေနဲ့ မိန်းခလေး ဖြစ်ပေမဲ့ တကယ်တမ်း မောင်နှမတွေလို မိသားစု အရင်းအချာ တွေလိုသာ ရင်းနှီးချစ်ခင်ခဲ့ ကြတယ် တခြား မရိုးမသားတခုမှ မရှိခဲ့ဘူး။Yuri ကို သူတို့က အမြဲ ပျော်အောင်စ သလို Yuri ကလဲသူတို့ကို အမြဲ ချစ်စနိုးပြန်စတယ်။ အချင်းချင်း စကြနောက်ကြ ရယ်ကြမောကြနဲ့ တကယ့် မိသားစု ပါပဲ။
"Hoseok... နင့် ဘေးမှာ မြွေ...မြွေ..'''
"အား.... ဘယ်မှာလဲ... ဘယ်မှာလဲ...'''
"ဟီး... မရှိဘူး... ငါစတာ.. ငါ့ အဲ့လို ပြောရင် နင် အခုလို အသံပြဲ ကြီးနဲ့ ထအော်မလား သိချင်လို့ ပြောကြည့်တာ..''
"ဟာ.. Yuri မ... စိတ်ပုတ်တာ... စိတ်ပုတ်တာ.. '' Hoseok ကပြောရင်းနဲ့ သူမကို လိုက်ဖမ်းလို့ Yuri က ထွက်ပြေး စိန်ပြေးလိုက်တမ်းဆော့လို့ ရယ်မောပျော်ရွှင်နေကြတာ။
VOCÊ ESTÁ LENDO
The Night Cruise (BTS Horror Stories)
Fanficည သင်္ဘော meaning The Night Cruise is a horror fanfic based on BTS members. This is the horror fic, so please brace urself. The 7 young men.. when they decide to take the night cruise. What will happen next? Check this out! 😉 ဟုတ်ကဲ့ပါ ဒီ စာအုပ်လေးထဲ...