အမှောင်တိုက်ထဲကအရိပ်များ (JinKook version)
xxxxxxxxxxxxxxxxခက်လိုက်တာနော်.. ကျွန်တော်ကိုယ်ကျွန်တော်ဘယ်သူလဲဆိုတာတောင်မသိဘူး။ ကျွန်တော် ဒီဆေးရုံကိုရောက်နေတာဘယ်လောက်ကြာပြီလဲဆိုတာလဲအသေချာမသိနိုင်ဘူးလေ။ ကျွန်တော့်ကိုကုသပေးနေတဲ့ ဆရာဝန်ကြီးကတော့ကျွန်တော့်ကို '' Jeon Jungkook ''လို့ခေါ်တယ်။ ခက်တာကကျွန်တော်ဘာမှမသိဘူး မှတ်လဲမမှတ်မိဘူး။
ဒီနေ့ သူဆီက ဆန်းဆန်းပြားပြား တခုကြားလိုက်ရတယ်။
"Jungkook မင်းအတွက်သတင်းကောင်းပဲ.မင်းအမေကမင်းကိုအိမ်ပြန်ခေါ်တော့မယ်''
"ကျွန်တော်..အမေ??''
ရော်ခက်ပြီ ကျွန်တော် အမေဆိုတာဘယ်သူပါလိမ့်။
သူကလိုအပ်တဲ့ဆေးစာဆေးလက်မှတ်တွေနဲ့ဆေးရုံလက်မှတ်တွေရေးပေးနေတယ်။ခဏနေတော့ ကျနော့ အခန်းထဲကို အမျိုးသား သူနာပြုနှစ်ယောက်ဝင်လာတယ်အဝတ်စားအသစ်လဲပေးကြတယ်။ ကျနော်တို့အောက်ဆင်းလာကြတယ်။
တအောင့်နေတော့ ကျနော် ကိုဆေးရုံဆင်းလို့ရပြီဆိုပြီး ကားအနက်လေးတစီးလာခေါ်တယ်ကားပေါ်မှာအသက်၅၀ စွန်းစွန်းအမျိုးသမီးတဦးပါလာတယ် ကျနော်အမေလို့ပြောတာပဲ။ နာမည် က Mrs. Kim Su Jun ဆိုလားပဲ။ ဒါနဲ့ပဲ ကျနော် သူမတို့နဲ့လိုက်လာတယ်ဆိုပါတော့..။ ကားပေါ်မှာ တော့ Mrs.Kim ကျနော့်ကိုစကားတခွန်းမှမပြောဘူး.. ကျနော် မျက်နှာ ကိုတော့အရိပ်ကြည့်သလို ခဏခဏကြည့်နေတယ်။
"Jungkook သားငယ်လေးရယ်... အမေတို့သားကိုစောင့်နေခဲ့တာကြာပေါ့..'' ကားပေါ်ကဆင်းတော့ အမေဆိုတဲ့သူမကကျနော့်ကို လှိုက်လှိုက်လှဲလှဲ ဖက်ပြီးပြောလိုက်တယ်။
နောက်တော့ ကျနော်ကို အိမ်ကအလုပ်သမားတချို့နဲ့မိတ်ဆက်ပေးတယ် သူတို့တွေ က ကျနော် ကိုသိနေကြတယ် ကျနော်ကတော့ဘယ်သူကိုမှမသိဘူး။
သိပ်မကြာခင်... စားပွဲရှည်ကြီးမှာစားသောက်စရာတွေစုံစုံလင်လင်နဲ့ ညစာ ကျွေးမွေးတယ်။ Mrs.Kim ကတော့ ပင်ပန်းပြီးခေါင်းကိုက်နေလို့ဆို စောစောစီးစီး ဝင်အိပ်နေတယ်။ကျနော် ညစာစားရင်း အခန်းတခုလုံးမျက်စိကစားပြီးလျှောက်ကြည့်နေမိတယ်။ ကျနော် စိတ်ဝင်စားတာ က ထမင်းစား ခန်းမှာ ချိတ်ထားတဲ့ ဓာတ်ပုံ တွေအစားသောက်တွေမဟုတ်ဘူး။
အင်း ဒီပုံမှာ လူကြီးတယောက်ရယ် ကျနော်နဲ့တူတဲ့ကောင်လေးတယောက်ရယ် ဒါပေမယ့် ဒီချာတိတ်ကပုံထဲမှာအလွန်ဆုံးရှိခြောက်နှစ်လောက်ပေါ့.. နောက်ပြီး တခြားအမျိုးသမီးကြီးတယောက်ရယ်။ ဓာတ်ပုံ ထဲက အမျိုးသမီး က Mrs. kim လဲမဟုတ်ပါလား...
YOU ARE READING
The Night Cruise (BTS Horror Stories)
Fanfictionည သေဘၤာ meaning The Night Cruise is a horror fanfic based on BTS members. This is the horror fic, so please brace urself. The 7 young men.. when they decide to take the night cruise. What will happen next? Check this out! 😉 ဟုတ္ကဲ့ပါ ဒီ စာအုပ္ေလးထဲ...