Bad Boy*
(NoMin) 💘Ep-7
'ငါကားသွားယူလိုက်ဦးမယ်..မင်းဒီကပဲစောင့်နေ´ဟု ပြောကာ မိုးရေထဲ ပြေးထွက်သွားတဲ့ Jeno ကို ကြည့်ပီး သူ သက်ပြင်းချလိုက်မိလေသည်..
'ဟူးးး...Lee Jeno မင်းငါ့အပေါ် အရင်ကနဲ့ မတူပဲ ဘာလို့ အခုလိုတွေ ပြောင်းလဲသွားရတာလဲကွာ .... အရင်လိုပဲ ဆက်နေပေးပါ..မင်းဘက်က ရိုးသားပေမယ့် ငါ့စိတ်တွေ ဒီ့ထက်ပိုပီး မရိုးသားနိုင်တော့မှာ ငါကြောက်နေမိတယ် Lee Jeno .....
~Flashback ~
'Haechan´
'Omm Jaemin ပြောလေ'
'မင်း...Lee Jeno ကို ဘယ်လိုထင်လဲ'
'huh'
သူ့အမေးကို Haechan အံ့သြသွားသည်ထင်...ဖတ်လတ်စ စာအုပ်ကိုတောင် ပိတ်လိုက်ပီး သူ့ကို မော့ကြည့်သည်....
'မင်းက ဘာကို သိချင်တာလဲ Jaemin '
'သူ ဒီလောက် ဆိုးသွမ်းနေတာ အကြောင်းရှိမယ်လို့ မင်းမထင်ဘူးလား'
'သိပ်ရှိတာပေါ့ကွာ...Lee Jeno က လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ထိ ဒီလိုပုံစံမဟုတ်ခဲ့ဘူး...သူ့အမေဆုံးပီး တစ်လမကြာဘူး... သူ့အဖေ နောက်မိန်းမထပ်ယူလိုက်တဲ့ အချိန်ကစ သူပြောင်းလဲသွားတော့တာပဲ...သူအရမ်းချစ်ရတဲ့ အဖေကိုတောင် သူစိမ်းတစ်ယောက်လိုပဲ ဆက်ဆံတော့တာ'
အခုလို သိလိုက်ရတော့လည်း Na Jaemin စိတ်ထဲမကောင်းမိ... မုန်းတဲ့စိတ်လေး လျော့သွားတယ်ပဲ ပြောရမလား..အမှန်ဆို အစထဲက သူ့ကို မမုန်းခဲ့ဘူး
းဆိုတာ သိခဲ့ရင်....ထို အချိန်မှစပီး...Jaemin အတန်းထဲ ဝင်တာနဲ့ အမြဲတမ်းလိုလို လှမ်းကြည့်မိသော နေရာက သူ့ကို အမြဲ အနှောင့်အယှက် ပေးနေတဲ့ သူရဲ့ နေရာ......
သေချာတာပေါ့...အနှောက်အယှက်ပေးတဲ့သူဆိုထဲက Lee Jeno ဆိုတာ..
ကျောင်းစစတတ်ထဲက အခုလို တစ်လကျော်တဲ့ထိ နေ့တိုင်းနီးပါး လိုလို နှောင့်ယှက်ခံရတယ်..ဒါပေမယ့် ကျွန်တော် အမြဲတမ်း သူနဲ့ ထိပ်တိုက် မတွေ့ပဲ ရှောင်ထွက်ခဲ့တယ်..သတ္တိ မရှိလို့လားဆိုတော့လည်း မဟုတ်ပြန်ဘူး.ယောကျာ်းပဲဗျာ...အစကတော့ မုန်းလို့ မျက်နှာချင်းမဆိုင်ချင်လို့ ရှောင်ထွက်တာလို့ပဲ ကိုယ့်ကိုကိုယ် ထင်ခဲ့မိတယ်...
