*Bad Boy* Ep 4

482 52 4
                                    

Nomin 💘

Jeno ထိုညက တစ်ညလုံး တော်တော်နဲ့ အိပ်မပျော် နေ့လည်က ကိစ္စ သူလွန်သွားတာလား ဆိုတာပဲ အထပ်ထပ်ပြန်တွေးရင်း.......

အမှန်ဆို တောင်းပန်ခိုင်းထဲက အက်ကောင်သာ တောင်းပန်လိုက်ရင် ဒီလိုဖြစ်လာမှာ မဟုတ်...

--------------------------------
8:00 AM At Daejoon University

မရောက်စဖူး အတန်းထဲရောက်နေသော Jeno

Jeno~တစ်ယောက်မှလည်း မရောက်သေးဘူး ဟိုကောင် Renjun လည်း ဘယ်ပျောက်နေလဲမသိ..

Renjun ကိုစောင့်ရင်း ဘယ်လို အိပ်ပျော်သွားလဲ မသိ ဆူဆူညံညံအသံတွေကြားမှ သူပြန်နိုးလာသည်..နာရီကြည့်လိုက်တော့ 9:00 AM

Girl 1~ Jaeminnie က ချောလိုက်တာ....ကြည့်ဦး
Girl 2~Jaemin ကို မထိနဲ့နော်. အက်ဒါ ငါ့ crush လေး...
Girl 3~ @$#^@&^*##** blah blah

Jeno ပါ သူတို့ပြောတာကြားပီး ရောယောင်၍ Jaemin ဆီ အကြည့်ကရောက်သွားသည်.
သူတို့ပြောတာလည်း အမှန်ပင် ဒီကောင် Na Jaemin ကျွန်တော့်လောက်နီးနီး ဆွဲဆောင်မှုရှိသည်....ကျွန်တော်ထိုးထားတဲ့ နှုတ်ခမ်းက အနာ မကျက်သေးတာတောင် ကြည့်ကောင်းနေသည်.

Renjun ထိုင်နေကျ ခုံကို ကြည့်မိလိုက်တော့ ရောက်နေပါပီ သကောင့်သားက..သူကြည့်နေတာတွေ့သွားတော့ အံကြိတ်ပီး လက်သီးဆုပ်ကာထောင်ပြသည်.

Jeno's Pov~ ဘာလဲဟ ဒီအရူး.......

စာသင်နေချိန်တောက်လျှောက် စာထဲ အာရုံစိုက်လို့ကို မရ...မျက်လုံးက Na Jaemin ဆိုတဲ့ကောင်ဆီပဲ ရောက်ရောက်သွားသည် ဟိုကောင်ကတော့ ကျွန်တော် အတန်းထဲမှာ ရှိတာတောင် သိရဲ့လားမသိ..စာကိုပဲ အသေအလဲ လုပ်နေသည်...

ကျွန်တော် သူ့ဆီက အကြည့်ကိုလွှဲပီး ph ထုတ်ကာ game ဆော့ကြည့်သည်... လုံးဝမရ 5 mins တောင်မပြည့် အက်ကောင် Na Jaemin ဆီ အကြည့်က ပြန်ပြန်ရောက်သွားသည်...

ကိုယ့်ကိုယ်ကို ဘာဖြစ်လို့ဖြစ်နေမှန်းမသိ ဘာလို့ ဒီလောက်တောင် ဂရုစိုက်မိနေတာလဲ ဒီကောင့်ကို...
မတတ်နိုင်တဲ့အဆုံး နားနှစ်ဖက် ကို နားကြပ်ထိုးထည့်ပီး Volume အဆုံးထိမြှင့်ကာ မှောက်အိပ်နေလိုက်သည်........

Renjun~ဟေ့ရောင် Jeno ထတော့...

Jeno~ဟမ် ဟမ်......

Renjun ကျွန်တော်ကို ကိုင်လှုပ်ကာ နာမည်လာခေါ်မှ နိုးလာသည်

*Bad Boy*Where stories live. Discover now