*Bad Boy* Ep 2
NoMin 💘
ဒီနေ့တော့ Jaemin မနက်စောစောနိုး၍နေသည်.
နိုးဆို သူဒီနေ့ ကျောင်းစတက်ရမယ့်နေ့လေHaechan~Jaemin မင်းတစ်ယောက်သွားလို့ အဆင်ပြေပါ့မလား?
Haechan ဆိုတာ သူနေတဲ့ အဆောင်က အခန်းဖော်ပါ Uni လည်းတူတယ် but Haechan က tdy သွားစရာရှိ၍ သူနဲ့တူတူ Uni မလိုက်နိုင်. သူ့အား အဆင်ပြေပါ့မလားဆိုတာသာ တဖွဖွမေးနေရှာသည်.
Jaemin~ရပါတယ်ကွာ မင်းလည်း ငါ့ကို ဘယ်လိုသွားရမလဲ ပြောပြထားတာပဲကို စိတ်မပူနဲ့ Haechan သွားစရာ ရှိတာသာသွား.
Haechan~သတိထားလည်း သွားဦးနော်. အက်ဒါဆို ငါသွားပီ Jaemin. ညမှတွေ့မယ်
Jaemin~ မင်းလည်းကောင်းကောင်းသွားဦး.....
--------------------------------
Jeno တစ်ယောက် ကျောင်းရှေ့မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း Renjun ကို စောင့်နေသည်....ဟောဟိုမှာ တွေ့ပါပီ သကောင့်သားက ကုပ်ချောင်းကုပ်ချောင်းနဲ့ဘာလုပ်နေလဲ မသိ လက်ထဲမှာလည်း ချောကလက်ဘူးနဲ့....
Jeno သူ့ဆီအမြန်လျှောက်သွားပီး နောက်ကနေ ဂုတ်ကို ဖြတ်ရိုက်ပလိုက်သည်...
"ဖြောင်းးးး"
Renjun~အမလေးးး...ငါ့ကို ဘယ်ကောင်ရိုက်တာလဲ....လဲ...အော် ဟီးဟီး Jeno..
ကျွန်တော့်ကို တွေ့တာနဲ့ သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင် ရယ်ပြနေသော ရုပ်ကိုကြည့်ပီး ရယ်ချင်မိသော်လည်း.....
Jeno~ဘာ ဟီးဟီးလဲ??? မနေ့က မင်းမွှေသွားတာ မင်းသိလား ဟမ်?
Renjun~ငါက မင်းတစ်ယောက်ထဲ ကျန်ခဲ့မှာစိုးလို့ စေတနာနဲ့ လုပ်ပေးတာကိုကွာ...
Jeno~နေပါကွာ အချုပ်ခန်းထဲမှာနေရမှာထက် ဟိုမိန်းမကြီးကို ကျေးဇူးတင်ရမယ့် အလုပ်ကိုငါပိုမုန်းတယ်...
သူအော်လိုက်မိပြန်တော့ သူ့ကို မျက်နှာငယ်လေးနဲ့ပြန်ကြည့်နေတာ တွေ့ရတော့လည်း စိတ်မကောင်း
ကျွန်တော် ဘယ်လောက်ပဲ ဆိုးပါစေ Renjun ကတော့ ကျွန်တော့ အချစ်ဆုံး သူငယ်ချင်းမလား...Jeno~ မင်းရုပ်က ဘာဖြစ်တာလဲ... မနေ့က ကိစ္စကိုတော့ ထားလိုက်ပါတော့ ငါခွင့်လွှတ်ပေးလိုက်မယ်...ဒါနဲ့မင်းက ဒီရှေ့မှာ ကုပ်ချောင်းချောင်းနဲ့ဘာလုပ်နေတာလဲ???
