"ပင်ပန်းသွားပြီ…ဒီနေ့တော့ အေးဆေးအနားယူလိုက်တော့။လိုအပ်တာတွေကို မနက်ဖြန်မှ စစီစဉ်ကြတာပေါ့"
မန်နေဂျာရဲ့စကားကို ခေါင်းညိတ်တောင်မပြနိုင်လောက်အောင် ချန်းယောလ်က အလွန်အမင်းပင်ပန်းနေပြီဖြစ်သည်…။
"ငါ သွားတော့မယ်"
တံခါးပိတ်ပြီး ထွက်မသွားခင်မှာ မန်နေဂျာက အားနာတဲ့ အရိပ်အယောင်ပါတဲ့ မျက်ဝန်းတွေနဲ့ကြည့်သွားတယ်။မန်နေဂျာထွက်သွားပြီးတော့မှ ချန်းယောလ် တရွတ်တိုက်ခြေလှမ်းတွေနဲ့ ရေချိုးခန်းထဲဝင်လိုက်တယ်။ဘေစင်ရှေ့ရပ်ပြီး ရေဖွင့်ကာ ခေါင်းကို ပိုက်အောက်မှာထားလိုက်တော့အေးစက်တဲ့ရေတွေက ချန်းယောလ်ရဲ့ခေါင်းကို ထုံကျင်လာစေသည်…။ခေါင်းကို ပြန်မတ်ပြီး မှန်ရှေ့ကြည့်လိုက်တဲ့အခါ ဝိဥာဉ်အနှုတ်ခံရသလိုမျိုး အသက်မဲ့ဖြူဖျော့နေတဲ့မျက်နှာ ကိုမြင်နေရတယ်…။ပါးကို ခပ်ဖွဖွရိုက်ပြီး ပြုံးကြည့်လိုက်တော့
ပုံသေးကားချပ်အပြုံးဟာ မှန်ရှေ့မှာ ကြော်ငြာဆိုင်းဘုတ်တွေမှာတွေ့ရသလိုမျိုး…
ဝမ်းနည်းဖို့ကောင်းတာက တောက်ပတဲ့ မျက်လုံးတွေနေရာမှာ အစားထိုးထားတဲ့ ရေမွန်းလို့ နီရဲဖျော့တော့နေသော မျက်ဝန်းတစ်စုံ…။
ချန်းယောလ်ဟာ နာနာကျည်းကျည်းရယ်ပစ်လိုက်ဖို့တောင် လက်ကျန်ခွန်အားရှိမနေခဲ့…။အဲ့ညက အိပ်မက်ဆိုးမက်တယ်…။
အိမ်မက်ထဲမှာ ဝူရိဖန်ရဲ့ သမားရိုးကျ အပြုံးပါတယ်။
'မတွေ့ရတာကြာပြီနော်'ဆိုတဲ့ နှုတ်ဆက်စကားပါတယ်…။
လန့်နိုးလာတဲ့အခါ…လိုက်ကာအထူကြီးတွေကြောင့် ပြင်ပကလရောင်တောင်မဝင်ဘဲ မှောင်နေတဲ့အခန်းရဲ့ ကုတင်ပေါ်မှာ ချန်းယောလ်တစ်ယောက်တည်း…။
တစ်ယောက်တည်းဆိုတာ ကျင့်သားရနေပြီဖြစ်ပေမယ့် အဲ့ညကတော့ လိုတာထက်ပိုပြီး ချန်းယောလ် အထီးကျန် ကြောက်ရွံ့နေလို့ မြန်မြန်မိုးလင်းစေဖို့ ဆုတောင်းခဲ့ရတယ်။~~~~~~~~
ထင်ထားတဲ့အတိုင်းပါပဲ…အနုပညာသတင်းတွေရဲ့ ထိပ်ဆုံး article မှာ ချန်းယောလ်နဲ့ ဝူရိဖန်ရဲ့ သတင်းက တစ်ပြေးနေတယ်…။
တစ်ချိန်က နာမည်ကြီး boy band တစ်ခု၏ former member နှစ်ယောက်ရဲ့ တွေ့ဆုံမှုဆိုတာနဲ့တင် ရုပ်ရှင်က ဘာမှန်းမသိရသေးရင်တောင် ကြည့်ရှုသူနှုန်းကို ခန့်မှန်းလို့ရနေပြီဖြစ်သည်…။
YOU ARE READING
Silence~
Fanfictionတိတ်ဆိတ်ငြိမ်သက်သွားခြင်းနောက်က နက်ရှိုင်းတဲ့ ဒဏ်ရာတွေအကြောင်း...။