3~

687 134 24
                                    

စီးကရက်ဖြစ်ဖြစ်…ဝိုင်ဖြစ်ဖြစ်
အရေးမကြီးပါဘူး။
အဓိကက တစိမ့်စိမ့်နာကျင်နေရဖို့ပဲမလား။
သူ့အပြုံးတွေမြင်တိုင်း သွေးထွက်သံယိုဖြစ်စေချင်တဲ့ ဆန္ဒတွေက ကျွန်တော့်မှာ တစ်ဖြည်းဖြည်းကြီးမားလာတယ်။
ကျွန်တော့်ကြောင့်မဟုတ်ရင် မပျော်ပါနဲ့…။
ခင်ဗျားကို တစ်သက်လုံးငိုစေချင်ခဲ့တယ်…။
ဒါပေမယ့် အကြောင်းပြချက်ဟာ ကျွန်တော် မဖြစ်ခဲ့ဘူး။

"အဆင်ပြေရဲ့လား…"

လေတိုးသံတွေကြားက သူ့အသံက နွေးထွေးတယ်…။ရေမွှေးနံ့ရောတဲ့ ကိုယ်ငွေ့ရယ်…ပခုံးပေါ်က သူ့လက်ဖဝါးရဲ့အထိအတွေ့ရယ်…။

"ရော့…"

ကျွန်တော်ထိုင်နေတဲ့ အုတ်ခုံဘောင်မှာပဲ သူက ကပ်ထိုင်လိုက်ပြီး ကျွန်တော့်နားထဲ သူနားထောင်နေတဲ့ နားကြပ်ကိုဖြုတ်ပြီး တစ်ဖက်ကို ထည့်ပေးတယ်…။

"စိတ်ညစ်နေရင် သီချင်းနားထောင်ကြည့်…"

ကျွန်တော်လှည့်ကြည့်တော့ သူက ဘာမှလုပ်မထားသလိုပဲ မျက်လုံးတွေမှိတ်ပြီး နားကြပ်ကထွက်လာတဲ့ သီချင်းကိုပဲ အာရုံစိုက်နေသလိုမျိုး…။သီချင်းက ကျွန်တော်cover ဆိုဖူးတဲ့ One more time one more chance ဖြစ်နေတာက အံ့သြစရာပဲ…။
လေတိုက်လို့ လွင့်နေတဲ့ သူ့ဆံပင် တစ်မျှင်ဆီတိုင်းကို အသက်အောင့်ပြီးကြည့်ရင်း ဝမ်းနည်းလာတယ်…။

"ကျေးဇူးပဲ…"

ကျွန်တော့် စကားသံထွက်မှ သူ့မျက်လုံးဖွင့်ပြီး သက်တောင့်သက်သာပြုံးပြတယ်…။အဲ့အပြုံးက never mind ဆိုတဲ့ အဓိပ္ပာယ်ပေါ့။

"ကဒ်…"

ဒါရိုက်တာဆီက အော်သံကြားတဲ့အခါ ပထမဆုံးမျက်နှာလွှဲမိတာက ကျွန်တော်…။
ကျသွားတဲ့ ဘယ်ဘက်ပါးပေါ်က မျက်ရည်စကတော့ ဇာတ်ညွှန်းထဲမှာ ပါမနေခဲ့…။

"hyung…ကျွန်တော်တို့နားထောင်ရမဲ့ သီချင်းကို ဒါရိုက်တာ စီစဉ်တာလား"

သေချာအောင်လို့ မန်နေဂျာကို မေးလိုက်တော့ သူက ခေါင်းခါတယ်။

"သေချာအောင် ငါ ဒါရိုက်တာကို သွားမေးပေးမယ်လေ…"

ထွက်သွားတဲ့ မန်နေဂျာကို မတားဘဲ ကျွန်တော် ဇာတ်ညွှန်းကိုသာ သေချာဖတ်နေလိုက်တယ်…။စိတ်လှုပ်ရှားနေတာကို ထိန်းလို့ရလိုရငြား…

Silence~Where stories live. Discover now