Cloud-2

1K 143 29
                                    

Zawgyi ver
-----------

ချယ်​ရီပန်းတို့ ပွင့်​ရာ ​ကျောင်းသွားလမ်း
တစ်​​လျှောက်​တွင်​ ပန်း​ရောင်​နုနုများ
စီခင်းလျက်​ရှိသည်​။
နွေဦးရဲ့ သဘာဝအရ ခပ်​​ပြေ​ပြေတိုက်​​နေ​သော
လေညင်းတို့​ကြောင့်​ ချယ်​ရီနံ့သင်းသင်းကို
ခံစားမိသည်​။
မနက်​ခင်းမှာ ရသည့်​ ချယ်​ရီနံ့က တစ်​​နေ့လုံးရဲ့
အားအင်​လည်း ဖြစ်​သည်​။
စက်​ဘီးကို နင်းကာ လက်​တစ်​ဖက်​က
နို့​အေးဗူးကိုကိုင်​လျက်​ ​ကျောင်းလာ​သော
ကျွန်​​တော့်​ပုံစံမှာ ဂျူနီယာ​လေးများ အတွက်​​တော့
အထူးအဆန်းတစ်​ခုလိုပင်​။

"အကို!!!"

အ​နောက်​ဖက်​ တစ်​​နေရာမှ အသံ​ကြောင့်
လှည့်​ကြည့်​လိုက်​​တော့..........။
ကျွန်​​တော့်​အမြင်​​တွေ မှားတာလား ဒါမှမဟုတ်
အ​တွေး​တွေလွန်​ကာ မြင်​ချင်​သည်​ကို
မြင်​​နေတာများလား?
ကျွန်​​တော်​မြင်​​နေသည့်​ ပုံရိပ်​က​လေးက
ကျွန်​​တော့်​ရဲ့ က​လေးငယ်​ ဟျူးနင်းခါအီပင်​။
အနှီပုံရိပ်​က​လေးက ကျွန်​​တော်​ရှိရာ ​နေရာဆီသို့
ပြေးလာ​နေသည်​။
မျက်​လုံးနှစ်​ဖက်​လုံးကို မှိတ်​ချကာ စိတ်​ငြိမ်​​အောင်
ထားလိုက်​သည်​။
ကျွန်​​တော်​ အ​တွေးလွန်​​နေခြင်းပင်​။

"အကို ဘာလို့ မျက်​လုံးကြီး မှိတ်​ထားတာလဲ?
မျက်​လုံးထဲ ဖုန်​ဝင်​သွားလို့လား?"

မဟုတ်​​သေးပါဘူး......ကျွန်​​​တော်​မြင်​တဲ့
ပုံရိပ်​က​လေးက စကား​ရော​​ပြော​နေတာလား?

"အကို!"

"ဟင်​"

လက်​​မောင်းကို လက်​ခနဲကိုင်​လာသည့်​ အခါမှ
နဂိုအ​ခြေအ​နေသို့ ပြန်​လည်​​ရောက်​ရှိလာသည်​။

"ဟျူးနင်း?"

"အင်း​လေ ဟျူးနင်းခါအီ! ကျွန်​​တော့်​ကို
မြင်​ရက်​သားနဲ့ကို"

"​ဆောရီး ဟျူးနင်း အကိုက ဟို​လေ မျက်​လုံးထဲ
ဖုန်​ဝင်​သွားလို့"

"ဘာဖြစ်​သွား​သေးလဲ? ကျွန်​​တော့်​ကိုပြ!"

"ရပြီ ရသွားပြီ အခု အဆင်​​ပြေသွားပြီ"

Moon Colour : EndWhere stories live. Discover now