Cloud-4

910 121 60
                                    

Zawgyi ver
----------

ကိုယ်​လုံး​ပေါ်မှန်​​ရှေ့မှ မိမိကိုယ်​ကိုယ်
ပြန်​ကြည့်​​နေရင်း စိတ်​တိုင်းမကျ ဖြစ်​​နေမိသည်​။
တကယ်​ပဲ ကြည့်​​ကောင်းရဲ့လား?
အရင်​ကလို အုန်း​မွှေးလုံးကဲ့သို့​သော ဆံပင်
မဟုတ်​​တော့ဘဲ ခွဲထား​သော ဆံပင်​ပုံစံက ပိုပြီး
ဆွဲ​ဆောင်​မှု​ရှိ​စေသည်​ဟု ခံစားရသည်​။
အုန်းေ​မွှးလုံး anymore။

"ချွဲဆူဘင်း​ရေ မနက်​အ​စောကြီးထပြီး
အ​ပေါ်က​နေ တဒုန်​ဒုန်း တဒိုင်းဒိုင်း လုပ်​မ​နေဘဲ နင့်​အ​မေအတွက်​ ​ဈေးသွား​ပေးပါလား?"

"ကျွန်​​တော်​ ဒီ​နေ့ အ​ရေးတကြီး သွားစရာရှိတယ်​၊
နောက်​​နေ့မှ သွားမယ်​"

အ​ပေါ်ထပ်​နှင့်​​အောက်​ထပ်​ကို
အပြီးအပြင်​​အော်​ရင်း စကားများ​နေရသည်​။
တကယ်​ဆို ချွဲဆူဘင်းဆိုတာ အလိမ္မာ
အိမ်​ပါသား​လေး။
ဒီ​နေ့တစ်​ရက်​​တော့ ​ကောင်​ဆိုး​လေး ဖြစ်​ပါရ​စေ။

"အ​မေ ကျွန်​​တော်​ ကြည့်​​ကောင်းလား?"

"​အေ......အဲ့ မိုးထိုး​နေတဲ့ အရပ်​ကြီးနဲ့ အရမ်း
ကြည့်​လို့ ​ကောင်းပါတယ်​"

"ဟာ....အ​မေက ကျွန်​​တော့်​ကို
ရန်​ရှာ​နေတာလား?
ဒီအရပ်​ကြီးဖြစ်​​အောင်​ အ​မေပဲ ငယ်​ငယ်​ထဲက
တစ်​ရက်​တစ်​ရက်​​သောက်​ခိုင်းလိုက်​တဲ့ နွားနို့​တွေ"

"​တော်​စမ်း....နင်​ အပြင်​သွားမှာဆိုလည်း
သွား​တော့ မိုးမချုပ်​​စေနဲ့! နင့်​အဖွားအိမ်​ သွားရမှာ"

"ဟုတ်​....သွားပြီ"

တက်​ကြွလွန်း​နေ​သော ​ခြေလှမ်းတို့ဖြင့်
ရပ်​ကွက်​ထိပ်​က လမ်းဆုံ​လေးဆီ ထွက်​လာသည်​။
တိမ်​ကင်း​နေ​သော အပြာ​ရောင်​လွင်​ပြင်​ကြီးနှင့်
ခဲ​ရောင်​တိုက်​တန်းတို့ကြားမှာ ကျွန်​​တော့်​ရဲ့ ​နေ့ရက်​​လေးက အသက်​ဝင်​လျက်​ရှိသည်​။
နွေရာသီရဲ့ အ​ငွေ့အသက်​​တွေဖြစ်​​သော
လေညင်း​အေး​အေးရယ်ေ နွရဲ့အမှတ်​အသား
ဖြစ်​​သော ပန်းဝါဝါတို့က လမ်းတစ်​​လျှောက်​မှာ
ပြည့်​နှက်​​နေသည်​။

Moon Colour : EndWhere stories live. Discover now