Cloud 9

800 103 111
                                    

Zawgyi ver
---------

"အကို့ကို သ​ဘောကျတယ်​!"

နိုး​နေပြီဖြစ်​​ပေမယ့်​ ခနပြန်​လည်​မိန်း​နေစဉ်
ဘေးနားမှ ထွက်​လာ​သော အသံ​ကြောင့်
မျက်​လုံးနှစ်​လုံးဟာ ဖြတ်​ခနဲ ပွင့်​လာသည်​။
အသံလာရာ ​ဘေးဘက်​သို့ ​ကြည့်​လိုက်​​တော့
စောင်​လေးကိုဖက်​ကာ ကျွန်​​တော့်​ကို ပြုံးပြုံးကြီး
ကြည့်​​နေသည့်​ က​လေးကို ​တွေ့ရသည်​။
အိပ်​ရာနိုးနိုးချင်း မြင်​​နေကြား​နေရသမျှသည်
ကြက်​သီးထစရာပင်​။

"ဘာ...ဘာ​ပြောလိုက်​တာလဲ ဟျူးနင်း?"

မျက်​လုံးနှစ်​လုံးကိုမှိတ်​ကာ ​လေပူတို့ကို
မှုတ်​ထုတ်​​နေ​သော က​လေးကိုကြည့်​လျက်
အံ့သြ​နေမိသည်​။

"အကိုပဲ မ​နေ့က ဖွင့်​​ပြောထားတယ်​​လေ၊
အဲ့တာ အ​ဖြေပြန်​​ပေးတာ"

"မ​နေ့ထဲက ​ပေးပြီးပြီ မဟုတ်​လား?"

"ဟင့်​အင်း....အကိုပဲ မူအုံးဆို အဲ့တာမို့
တစ်​ရက်​​နောက်​ဆုတ်​​ပေးလိုက်​တာ၊ အခု
အကိုလည်း အိပ်​ရာနိုးပြီဆို​တော့ ထ​တော့​လေ
အပြင်​မှာ တခြားသူ​တွေ​တောင်​ ​စောင့်​​နေကြပြီ"

"​အော်​....အင်း ဟျူးနင်းက ထတာကြာပြီလား?"

"အင်း...ကြာပြီ၊ အကို့ကို အ​ဖြေ​ပေးဖို့
ထိုင်​​စောင့်​​နေတာ၊ အခု သွားပြီ​နော်​"

အပြင်​သို့ လှစ်​ခနဲ ​ပြေးထွက်​သွား​သော
က​လေးကို လှမ်းဖမ်းချိန်​ပင်​ မရလိုက်​။
လျင်​လိုက်​တာလည်း လွန်​ပါ​ရော။
တွေးမိရင်း ရင်​ခုန်​လိုက်​တာ။
ကျွန်​​တော့်​က​လေး​လေးဟာ
ကျွန်​​တော့်​​ကောင်​​လေး ဖြစ်​လာပြီ​ပေါ့။
ရင်​ခုန်​​နေတာ​တွေ ခနတာ ထိန်းထားပြီး
အပြင်​သွားရန်​ ပြင်​ဆင်​ရသည်​။

အနှီဟျူးနင်းခါအီက​တော့ ကျွန်​​တော့်​ကို 
ရှောင်​သည်​။
သူ့ကို​တွေ့လို့ သူ့နားသွား​တော့ ထွက်​​ပြေးသည်​။
အနီးအနား​လေးတင်​ သွား​သော်​လည်း
အကို​ယောန်းဂျွန်းတို့နှင့်​ စကား​ပြောရင်း
ကျွန်​​တော့်​ကို အ​တွေ့မခံ။
ဒါ သူရှက်​​နေတာမျိုးလား။

Moon Colour : EndWhere stories live. Discover now