မိုးကသည်းသည်းမဲမဲလည်းမရွာ မစို့မပို့လည်းမက စိတ်အနှောင့်ယှက်ဖြစ်ဖို့ကောင်းစွာ ကျဆင်းနေလေ၏.မနက်ခင်းအတန်းတတ်ချိန်ဖြစ်၍ အတန်းထဲရှိကျောင်းသူကျောင်းသားအစုံ တစ်ယောက်တစ်ပေါက်ဖြင့်ဆူညံလျှက်ရှိကြသည်...
Seok Jinပြတင်းမှန်များမှတဆင့် မိုးဖွဲတွေကိုငေးနေရင်း ကျောင်းအပြန်အတွက် ရတတ်မအေးဖြစ်နေရသည်.
မိုးအုံ့တာမြင်လျှက်နှင့် ထီးမယူမိသော သူ့အပြစ်ပါပေ..ထိုစဉ် အတန်းတစ်တန်းလုံးတိတိဆိတ်သွားတာကြောင့် သူ့အာရုံတွေကို စာသင်ခန်းရှေ့သို့ အမြန်ခရီးရွှေ့စေလိုက်ရသည်...
အဖြူရောင် ရှပ်အကျီ်အပေါ်တွင် ကုတ်အညိုထပ်ဝတ်ထားသော ခန့်ခန့်ညားညား လူတစ်ယောက်..
သူတို့ထက်အနည်းငယ်သာကြီးပုံပေါ်သော်လည်း ဝတ်ပုံစားပုံကလူကြီးဆန်သည်...ထိုသူကတစ်တန်းလုံးကိုဝေ့ကြည့်လိုက်ပြီး ရေစက်လက်နှင့်ထီးကို ထောင့်သို့ကပ်ထောင်လို်က်သည်..နှုတ်ခမ်းထောင့်ကအပြုံးထေ့ထေ့ထွက်ပေါ်လာချိန် တစ်တန်းလုံး ဆူညံသွားစေသည်...ချောသည်ဆိုတာထက် ဆွဲဆောင်မှုအားပြင်းသည့်ပုံ....
""အဟမ်း..ကိုယ်က အခုတလောလစ်လပ်နေတဲ့ ယဉ်ကျေးမှုစာပေ အတွက် ယာယီသင်ကြားပေးမဲ့ဆရာပါ"'
တစ်တန်းလုံးသဘောကျစွာဆူညံသွားသည်...
အထူးသဖြင့် မိန်းကလေးတွေအဆိုးဆုံး..
Seok jinကတော့ သာမာန်ကာလျှံကာသာနားထောင်ကာ စိတ်မဝင်စားသလို ပြတင်းဆီသာပြန်ငေးနေလိုက်၏....ဘယ်ဆရာပြောင်းပြောင်းသူနားလည်တာမှမဟုတ်ပဲ....
.
.
.
.............................ညနေကျောင်းဆင်းချိန်မှ မိုးကအသည်းအသန်ရွာလေသည်... Uniဝန်းကြီးတစ်ခုလုံးကို မမြင်ရတော့သလိုကို မှုံမှိုင်းနေတာမို့ seok jinငိုချင်သွား၏...
နောက်တော့ လည်း မထူးဇာတ်ခင်းကာ ကျောပိုးအိတ်ကိုရင်ဘတ်တွင်ထည့်ပိုက်လို်က်ပြီး ပြေးမည်ပြုလိုက်သည်....ထိုအချိန်တွင် သူ့ဘေးသို့လာရပ်သော အရိပ်တစ်စုံကြောင့် ခြေလှမ်းတို့တန့်သွားရသည်...
ဒါမနက်က ဆရာအသစ်မဟုတ်လား!
အနက်ရောင်စွေးနေသော ထီးကိုကြည့်ကာ seok jinပျော်သွားသည်..အနည်းဆုံးတော့စာအုပ်တွေရေစိုမည်မဟုတ်ချေ...
ထို့ကြောင့် သူထိုဆရာ အနားသို့ကပ်ကာ..
YOU ARE READING
Demon Mask.
Fanfictionပြုံးနေတဲ့ မျက်နှာနောက်ကွယ်က သွေးအေးတဲ့မကောင်းဆိုးဝါးတစ်ကောင်ကို ကျတော်မြင်ရတယ်....ကျတော်တစ်ယောက်ထဲ...