3

614 103 26
                                    


နဂိုကတည်းကမှ မ​နေ​ပျော်​​သော သူ၏​ကျောင်းသားဘဝသည်​ ထိုဆရာမမည်​​သော စီနီယာ ​ရောက်​လာပြီးကတည်းက ပို၍ဆိုးလာ​တော့၏..

အခုဆို သူတို့အတန်းကို စီနီယာ ယာယီအစားဝင်​​နေ​ပေးတာ 2ပတ်​​ကျော်​​ကျော်​​လောက်​ပင်​ရှိမည်​ထင်​သည်​...

အတန်းထဲကသူများနှင့်​ လိုက်​လျောညီ​ထွေဖြစ်​လွန်းလှသလို ​တော်​​တော်​​လေးလဲ နာမည်​ကြီး၏...

သူတစ်​​ယောက်​ပဲ ထိုစီနီယာကိုတစ်​မျိုးမြင်​​နေတာလား​တော့မ​ပြောတတ်​​သော်​ငြား
အများ​ပြော​နေကြသည့်​ ချိုသာ​သောကြင်​နာတတ်​သည့်​ စီနီယာ ၏ပုံရိပ်​က သူ့မျက်​လုံးထဲတွင်​ ​ကြောက်​စရာ​ကောင်းလွန်း​နေသည်​...

"စီနီယာ!!"

မိန်းက​လေးတစ်​စု၏​ခေါ်သံတစ်​ချို့နှင့်​အတူ Seok Jin​ဘေးသို့ ဖြတ်​​ပြေးသွားကြ​သော အုပ်​စုကို​တွေ့သည်​...ထိုအုပ်​စု က အမြဲ စီနီယာ့အလာကို​စောင့်​ကာ ကြို​လေ့ရှိကြသည်​..

သူ​နောက်​သို့လှည့်​​တော့မကြည့်​ရဲ..
သေချာတာကသူ့​နောက်​တွင်​ စီနီယာ ရှိ​နေမည်​ပင်​...ထို့်​ကြောင့်​ ​ခြေလှမ်းကိုအရှိန်​တင်​လိုက်​ရင်း အတန်းထဲသို့​ရောက်​​အောင်​ ဒုန်းစိုင်း မည်​ပြင်​လိုက်​၏..

"​ဟေး..​ရှေ့ကတစ်​​ယောက်​.."

ခပ်​အုပ်​အုပ်​နှင့်​ဆွဲရှရှအသံက သူအ​ကြောက်​ဆုံးသူ၏အသံ...
Seok Jin​ခြေလှမ်း​တွေကို အသာရပ်​ကာ ​ဖြေး​ဖြေး​လေးလှည့်​ကြည့်​လိုက်​​တော့ သူ့ဆီ​လျှောက်​လာ​နေ​သော စီနီယာNamjoonကို​တွေ့ရသည်

" မင်္ဂလာ နံနက်​ခင်းပါဆရာ"

သူကိုယ်​ကိုကိုင်းကာနှုတ်​ဆက်​​တော့ စီနီယာကရယ်​သည်​..ထို့​နောက်​ ​ဘေးကမိန်းက​လေးအုပ်​စုအားကြည့်​လိုက်​ပြီး...

"သွားနှင့်​ကြ​နော်​..ကိုယ်​သူနဲ့​ပြောစရာ​လေးရှိလို့"

အနှီအုပ်​စုထွက်​သွား​တော့မှ စီနီယာကသူ့ကိုတည့်​တည့်​စိုက်​ကြည့်​ကာ..

"ဒီလပတ်​မင်း အဆင့်​​တွေကျသွားတယ်​​နော်​ Kim Seok Jin"

နာမည်​ကိုတစ်​လုံးချင်း​ခေါ်လိုက်​တာ​ကြောင့်​ သူအလိုလို ​ခေါင်းငုံ့မိလျှက်​သား...

Demon Mask.Where stories live. Discover now