4

827 128 38
                                    

နဂိုကတည်းက အားနည်း​သော Seok Jinတစ်​ ​ယောက်​ မိုး​လေးအနည်းငယ်​မိလိုက်​တာနှင့်​ ဖျားပါ​လေ​တော့၏..

ဖျား​နေ​သော်​လည်း ဘယ်​သူမှ​သေချာဂရုမစိုက်​တာ​ကြောင့်​ ကိုယ်​တိုင်​ပင်​နာလန်​ထူ​အောင်​ပြုစု​နေရသည်​..
ကျောင်းနှစ်​ရက်​ပျက်​ပြီးချိန်​မှာ​တော့ သူအတန်​သင့်​ သက်​သာ​နေပြီဖြစ်​သည်​..
သို့​သော်​ အနည်းငယ်​မူး​ဝေ​နေ​သေး၏..

ဒီကြားထဲ အိမ်​ကအ​ဒေါ်၏ ဆူဆူ​အောင့်​​အောင့်​အသံကိုကြားရတာ က ပို၍ပင်​​ခေါင်းကိုထုံ​ဝေ​စေ​သေးသည်​..

ထိုစဉ်​ အိမ်​​ရှေ့မှ Bellတီးသံကြားသဖြင့်​ သူလှဲ​နေရာမှထကာ တံခါးဖွင့်​​ပေးဖို့ထွက်​လာခဲ့လိုက်​သည်​...အ​ဒေါ်​ဈေးကပြန်​လာသည်​ထင်​၏..
သို့​သော်​ သူ၏အထင်​အမြင်​လုံးဝမှားယွင်း​ကြောင်းကို ချက်​ချင်းသိလိုက်​ရသည်​..

အ​ကြောင်းမှာသူ့​ရှေ့တွင်​ရပ်​​နေသူက
စီနီယာ Kim namjoonဟူ​သော လူတစ်​​ယောက်​ဖြစ်​​နေခဲ့၍ပင်​...

"စီ..စီနီယာ "

"မင်းဖျား​နေတာလား?"

မျက်​ခုံးထူထူတို့ချိုး​ကွေ့ကာ လက်​တစ်​ဖက်​ကသူ့နှဖူး​ပေါ်သို့ခွင့်​ပြုချက်​မရှိ ကျူး​ကျော်​ဝင်​​ရောက်​လာ​လေသည်​...
သူလန့်​ကာ​နောက်​ဆုတ်​လိုက်​​တော့ နှုတ်​ခမ်းထူထူတို့တွင်​အပြုံးတစ်​ပွင့်​ဖြစ်​တည်​သွားကာ
လက်​ကိုပြန်​ရုတ်​လိုက်​​၏...

"မင်းဘာမှအ​ကြောင်းမှကြားပဲ ​ကျောင်းမလာလို့​လေ..ကိုယ်​လာကြည့်​တာပါ"

"​အော်​..ဟုတ်​..ကျွန်​​တော်​ဖျား​နေလို့ပါ စီနီယာ..
မနက်​ဖြန်​တတ်​မှာပါ"

စီနီယာ့မျက်​လုံး​တွေက စူးရှစွာ ​ဝေ့ဝဲအကဲခတ်​​နေတာမို့ သူထိတ်​လန့်​စွာ​ခေါင်းငုံ့ထားမိသည်​..

"ဟဲ့..အိမ်​​ရှေ့မှာပိတ်​မ​နေကြနဲ့ ဖယ်​စမ်း..
ရှုပ်​ရှုပ်​ယှက်​ယှက်​​"

စီခနဲထွက်​လာ​သောအသံဆာဆာနှင့်​အတူ အထုတ်​​တွေတစ်​ပြုံ ကြီးဆွဲထား​သော သူ့အ​ဒေါ်ဖြစ်​သူ ​ဈေးမှပြန်​လာခြင်းဖြစ်​သည်​...

You've reached the end of published parts.

⏰ Last updated: Jun 14, 2019 ⏰

Add this story to your Library to get notified about new parts!

Demon Mask.Where stories live. Discover now