1

4.2K 216 79
                                    

Unicode ရော Zawgyi ပါ ရေးထားပါတယ်။

..................................................................................

"ကံတရားကလည်း...မကောင်းလာတော့
ဘူးလားမသိပါဘူးကွာ..."

လက်ထဲက ဗလာပြနေသော ခဲခြစ်ကံစမ်းမဲ
လေးကို ထယ်ယုံး ကျောပိုးအိတ်ထဲ အသာ
ထိုးထည့်လိုက်ရင်း ပူခြစ်နေသော နေမင်း
ကြီးကိုသာ တွင်တွင်မော့ကြည့်နေမိသည်...
ဆောင်းတွင်းကြီးမှာ နေကသူ့အတွက်တော့
အလွန်ပူနေသည်....

လွန်ခဲ့တဲ့ တစ်ပတ်ကနေစပြီးတော့..အခုထိ
ဒါနဲ့ဆို အလုပ်ရှာနေတာ နေရာ ၁၄ခု ရှိပြီ...
အလုပ်တစ်ချို့ က ရှိလားလို့မေးသော...
Computer,Financing စတဲ့ အရာတွေ
နဲ့ပတ်သတ်တဲ့ လတ်မှတ်တွေလဲ သူ့မှာမရှိ
တစ်ချို့ ကမေးတဲ့ ဘာသာစကားကျွမ်းကျင်
မှုလည်းမရှိ...သူ့မှာရှိတာ ဘွဲ့လတ်မှတ်နှင့်
သက်ဆိုင်ရာ ဂျူ ဒို၊ကရာတေး၊တိုက်ကွမ်ဒို
အောင်လတ်မှတ်များသာ...

အလုပ်ခေါ်စာ ကြော်ငြာထားသည့်
သတင်းစာ ထဲက သူမှင်နီနဲ့ဝိုင်းထားသော
၁၄ခုမြောက်ကြော်ငြာကို ဖျက်ရပြန်သည်...

"၁၅ ခုမြောက်က...မြောင်ဒုံမှာ...ကဲ...
သွားရတာပေါ့...လီထယ်ယုံး!"

အိမ်က မေမေ၊ ဖေဖေကို ရှာကျွေးရန် နှင့်
ညီငယ်ကို ကျောင်းထားပေးနိုင်ရန် အတွက်
လုပ်လက်စ အချိန်ပိုင်းအလုပ်တို့က ရသော
ငွေကြေးပမာဏ မလုံလောက်၍ ပိုမြင့်သော
ပမာဏရှိမည့် အလုပ်ရှာသော်လည်း....
ကိုယ်တိုင်ကမပြည့်စုံ...ကံစမ်းတော့လည်း
ဗလာချည်းသာ ကျနေတော့ ထယ်ယုံး
စိတ်ညစ်ညူးရုံမှအပ...

"အိမ်ဖိုးအကြွေးလည်း ဆပ်ရဦးမှာကို...."

⬛လက်ရှိမှာ ဆိုးလ်မြို့တော် လွှတ်တော်
အမတ် နေရာအတွက် မဲရရှိမှုအများဆုံး
ဖြစ်နေတဲ့ အမတ် လီဂျို ဟျောင်း အနေနဲ့
ပြည်သူကြားမှာ မဲဆွယ်စည်းရုံးဖို့ စိတ်အား
ပိုမိုထက်သန်နေကြောင်း သိရှိရပါတယ်...

ဆက်လက်ပြီး ကိုရီးယားနိုင်ငံရဲ့...........⬛

ထယ်ယုံး ဘတ်စ်ကားမှတ်တိုင်ရဲ့ မျက်နှာ
ချင်းဆိုင်မှာရှိသော LED board မှ
သတင်းကြေငြာချက်ကို ကြည့်ပြီး...

PERSONAL BODYGUARD (Completed)Where stories live. Discover now