"လီထယ်ယုံး...အရူးကောင်!! ငါ့ကိုမင်း
ဆေးရုံတက်!...အဲ...အခန်းမှားတာလား..."ထယ်ယုံး အခန်းဝမှအော်သံကြောင့် လှည့်ကြည့်လိုက်တော့
ယုတ..."ရောက်လာပြီလား...အခန်းမမှားပါဘူးကွာ မင်းကလဲ...
ဆေးလိမ်းထားလိုက်ဦး ညီ..."သူငယ်ချင်းဖြစ်သူကိုလှည့်ပြောရင်း သူ့ကိုမော့ကြည့်ကာပြော
လာသည့် အစ်ကိုကြောင့် မင်ဟျောင်း မျက်နှာကြောကိုပြန်
လျှော့လိုက်ကာ..."အင်းပါ...ကျွန်တော်အပြင်မှာရှိမယ်.."
အထဲဝင်ရင် တံခါးခေါက်ရမယ်ဆိုတဲ့ ကျင့်ဝတ်ကိုမသင်ခဲ့ဖူးဘူးလားမသိဘူး!
ပြောပြီးပြီးချင်း အပြင်ထွက်သွားသည့်ကောင်လေးကို အားနာ
သွားရသည်...အပြင်အထိတော့ထွက်ပေးစရာမလိုပါဘူး..."ဘယ်လိုဖြစ်တာလဲ...လူဆိုးဂိုဏ်းတွေနဲ့တွေ့တာလား...
မာဖီးယားလား...ကျောင်းသားလူမိုက်တွေလား...သက်သာလား...ဆေးရုံအခန်းကြီးကအလန်းကြီးရော်..."မေးခွန်းတွေဆက်တိုက်မေးလာသည့် ယုတကို ထယ်ယုံး
ခေါင်းအသာခါပြလိုက်ရင်း ဖြစ်စဉ်ကို အကျဉ်းချုံးပြောပြလိုက်
သည်...။"မင်းလည်းကွာ...ဘာမှမဖြစ်သွားတာ တော်သေးတယ်...
အန်တီတို့သိရင်အလုပ်ထွက်ခိုင်းမှာ မင်းကို...""အဲ့ဒါကြောင့် မင်းကိုအခုအားကိုးရတာပေါ့..."
သူ့စကားကို ယုတကမျက်ဖြူဆိုက်ပြပြီး ဆန္ဒပြလေရဲ့...
"ဆေးရုံတက်မှသတိရတဲ့ သူငယ်ချင်းကောင်းပဲနော့...
ဖုန်းလေးတောင်ဆက်ဖော်မရ စာမလာသတင်းမကြား..အိုးးး
နာကာမိုတိုလေး ကံထူးရှာတာပေါ့..."ထယ်ယုံး ဗိုက်ကိုအသာဖိပြီး ခပ်တိုးတိုးသာရယ်နိုင်သည်...
သူ့ကိုအနုနည်းနဲ့နှိပ်စက်သော ကံထူးရှင်ကတော့ တံခါးပေါက်
ကိုမေးငေါ့ပြလာပြီး..."ကောင်လေးက ဘဝင်ခိုက်နေတဲ့ RichKidလေးပဲ..."
"ဘယ်ကသာ...စိတ်ရင်းကောင်းတယ်.. နည်းနည်းဆိုးချင်
ရုံပဲ..."မင်ဟျောင်း ဆေးရုံအပြင်ထွက်လာပြီး လေကောင်းလေသန့်
ရှူဖို့ ခုံတန်းတစ်ခုတွင် ထိုင်လိုက်ပြီး အတွင်းရေးမှူးဂန်ကို ဖုန်းခေါ်လိုက်သည်...
DU LIEST GERADE
PERSONAL BODYGUARD (Completed)
Fanfiction"Bodyguard က..ကျွန်တော့်အတွက် အရမ်းမသေးနေဘူးလား..." လီမင်ဟျောင်း "ငါကွာ!!..ကလေးထိန်းနေရတာလား သက်တော်စောင့်လုပ်နေရတာလား... မသဲကွဲဘူး..." လီထယ်ယုံး "Bodyguard က..ကျွန်တော့...