8

1.2K 133 50
                                    

#Ring Ring Ring#

ထယ်ယုံး အိပ်နေရာမှ ဖုန်းသံကြားလိုက်ရ
တာကြောင့် လန့်နိုးသွားရင်း အလျှင်အမြန်
ဖုန်းထကိုင်လိုက်သည်....

"ဟယ်လို..."

"Hello kitty kitty!...ကိုခဏနေ
အပြင်သွားမယ် အသင့်ပြင်ထား"

ပြောပြီး ဖုန်းချသွားတာမို့ ထယ်ယုံး
ခေါင်းကိုခါလိုက်မိရင်း...နာရီကိုကြည့်တော့
မနက် ၉ နာရီ!!...ဒီအချိန်ထိတောင်
အိပ်မိသွားရတယ်လို့...

မနေ့က ညနေဖက်ကြီးရုတ်တရက်ခေါ်ကာ
စမ်းသပ်စရာရှိသည်ဟုဆိုပြီး...
အိပ်ထမတင်၊ ဒိုက်ထိုး၊သွေးပူလေ့ကျင့်ခန်း
စသည်တို့ကို အခါ၃၀၀မက လုပ်ခိုင်းပြီးမှ သူ့အသက်ကိုကာကွယ်ဖို့ ယုံကြည်ပါပြီ
ဆိုပြီးပြန်လွှတ်တဲ့ ကောင်လေးကြောင့်
ထယ်ယုံးတစ်ကိုယ်လုံး ကိုင်ရိုက်ခံ
ထားရသလို....

အား....ကျွတ်ကျွတ်.....

အဒေါ်ကြီးဂျီရှင်းဆီက အကိုက်အခဲပျောက်
ဆေး ယူသောက်ထားတာတောင်မှ...
ကိုက်ခဲနေတုန်းပင်...

အဲ့နေ့ညကကိစ္စအပြီး တစ်ပတ်ကျော်
လောက် ထယ်ယုံး ကောင်လေးကိုစကား
ကောင်းကောင်းမပြောဖြစ်...ဒါပေမဲ့
ကောင်လေးကတော့သူ့ကို ကောင်းကောင်း
နှိပ်စက်နိုင်သည်မှာ...အခုပဲကြည့်...

ဘယ်လိုလဲ...လီထယ်ယုံးရ...
နာကျင်ကိုက်ခဲပြီး မသွားမလာနိုင်တွေ
ဖြစ်နေမှာပဲ...ဒါတောင်မှ သက်တော်ကို
စောင့်တော်မူချင်ရင်တော့...လီမင်ဟျောင်း
ဘယ်လိုမွှေတတ်လဲပြရဦးမှာပေါ့...

မင်ဟျောင်း Hoodie အညိုတစ်ထည်နှင့်
Jeanအနက်ဝတ်လိုက်ပြီး...လိုအပ်သည့်
စာရွက်စာတမ်းတွေယူကာ အောက်ကို
လှေကားကနေတစ်ဆင့် လျှောပြီးဆင်းဖို့
ပြင်လိုက်သည်...

အောက်ထပ်ကနေ သူ့ကိုလှမ်းကြည့်နေတဲ့
ထိုလူရဲ့မျက်ဝန်းနက်တစ်စုံ...မင်ဟျောင်း
လက်ရန်းမှတစ်ဆင့်လျှောဆင်းလာခဲ့သည်..

အံ့သြဟန်ရှိနေသော မျက်ဝန်းနက်ပိုင်ရှင်ကို
တစ်ချက်လှမ်းကြည့်လိုက်တော့..ကျယ်ပြောတဲ့ ညကောင်းကင်ယံလို မျက်ဝန်းတွေ
ကြောင့် မင်ဟျောင်းရင်ထဲ လှိုင်းတစ်ခုဖြတ်
ပြေးသွားသလို...

PERSONAL BODYGUARD (Completed)Tempat cerita menjadi hidup. Temukan sekarang