5

1.4K 153 65
                                    

မင်ဟျောင်း ကုတင်ပေါ်တွင်လူးလှိမ့်နေရင်း
ခဏနေ Blind date လုပ်မယ့်ကိစ္စမှာ...
ဟိုလူကြီးကိုဘယ်လိုဖျောင်ခဲ့ရမလဲ စဉ်းစား
နေမိသည်...

သို့သော်...အဖြေကမရှိ!

"မတတ်နိုင်ဘူးကွာ...ခေါ်သွားရမှာပဲ...."

မင်ဟျောင်း အတွေးတစ်ချက်က ဖျတ်ခနဲ
ခေါင်းထဲမှာလက်လာပြီး မဲ့ပြုံးတစ်ချက်ပြုံး
လိုက်သည်...

ခင်ဗျားတော့...ဒီနေ့ liveshow ကြည့်ရ
တော့မှာပဲ...လီထယ်ယုံးရ

လက်ကိုအလုပ်ပေးရင်း...လွန်ခဲ့တဲ့၂ရက်
ကမှ contact ထဲထည့်ထားသည့် TYဆိုတဲ့ နံပါတ်ကိုခေါ်လိုက်သည်....

"ဟုတ်ကဲ့ ပြောပါခင်ဗျ..."

တစ်ဖက်ကထွက်လာသည့် လေသံ
ခပ်အေးအေး...

မကြိုက်လိုက်တာ...အဲ့လေသံ!!

"Bro...Bro...Bro...."

သူ့ရဲ့ဆက်တိုက်ခေါ်သံအပြီး...

"ဘာဖြစ်လို့လဲ ချာတိတ်..."

စိုးရိမ်ပူပန်သံအဖြစ်ပြောင်းသွားမှသာ...
မင်ဟျောင်းပြုံးလိုက်ပြီး...

"အော်...ခဏနေအပြင်သွားမှာမို့....
ကားထုတ်ပြီးအသင့်ပြင်ထားလို့ပါ....
ဒီနေ့တော့အနီလေး..."

"ဟုတ်ကဲ့...."

ထယ်ယုံး ဖုန်းချလိုက်ကာ သက်ပြင်းမောကို
လွှတ်ထုတ်မိသည်....

ရောက်ကတည်းကနေ အခုချိန်ထိ လူကို
တစ်မျိုးမဟုတ်တစ်မျိုး စိတ်မသက်မသာ
ဖြစ်အောင်လုပ်ရမှကျေနပ်သည့်အမျိုးလေး

နာရီကြည့်တော့ ညနေ၆နာရီကျော်နေပြီ...
ထယ်ယုံး အဝတ်အစားလဲလိုက်ကာ
ခိုင်းထားသည့်အတိုင်းလုပ်ပြီး အိမ်ရှေ့
စင်ဝင်ကြီးအောက်တွင် ရပ်စောင့်နေလိုက်
သည်....

"City 127 ပဲ..."

"ဟုတ်ကဲ့..."

မင်ဟျောင်း သူ့ဘေးနားက ကားကိုသာ
အာရုံစိုက်မောင်းနေသည့် သကောင့်သား
ကို စိမ်ပြေနပြေထိုင်ကြည့်နေလိုက်သည်

သတိပြုမိပုံရသော ထိုလူငယ်ကသူ့ကို
ဖျတ်ခနဲလှည့်ကြည့်ပြီး အရှေ့ပြန်လှည့်သွား
လေရဲ့....

PERSONAL BODYGUARD (Completed)Where stories live. Discover now