Bad baby
"Ai Kim!! Club သွားရအောင်"
Kim: "Ai God! ငါ Club သွားရတာ မကြိုက်ဘူးလို့ ဘယ်နှစ်ခါပြောရမလဲကွာ"
God: "မင်းနဲ့ Ai Taeက လူများတဲ့နေရာသွားရင် သေမှာမို့လို့လားကွာ"
Kim: "သေတော့မသေဘူးပေါ့ကွာ ငါတို့က အေးဆေးနေရတာ သဘောကျတာကိုးကွ"
Tae: "မင်းသွားချင်ရင် တစ်ယောက်တည်းသွားပါလား။ ဒါမှမဟုတ် ကောင်မလေးတစ်ယောက်လောက် ခေါ်သွားလေကွာ"
God: "ငါအခုတလော ရည်းစားထားချင်စိတ် မရှိလို့ကွ။ မင်းတို့ကလဲ ဒီတစ်ခါ လိုက်ခဲ့ပေးပါကွာ။ တစ်ယောက်တည်းဖြစ်နေလို့"
Kim: "Ai Tae မင်းလိုက်သွားလိုက်"
Tae: "မင်းသွားပါလားကွာ ငါမလိုက်ချင်ဘူး"
God: "နှစ်ယောက်လုံးလိုက်ခဲ့ကွာ။ ဒီနေ့မလိုက်ရင် မင်းတို့နဲ့ သူငယ်ချင်းသံယောဇဉ်ကို ဖြတ်ပစ်မယ်"
Kim: "Awwii စိတ်လျှော့"
Tae: "အဲ့လိုတော့ မလုပ်နဲ့လေ။ လိုက်ခဲ့ပေးမယ်ကွာ ကျေနပ်လား"
God: "အေး ညကျရင် ငါလာခေါ်မယ်"
Kim: "အေးကွာ မင်းအဆင်ပြေသလိုသာလုပ်"
ကျွန်တော်တို့ဆီက လိုချင်တဲ့အဖြေကိုရတော့မှ သူ့အလုပ်ကို ပြန်သွားတဲ့ Ai Godပါ။ ကျွန်တော်နဲ့ Ai Tae က အေးဆေးသမားတွေ။ ကျောင်းတက်တုန်းက ကောင်မလေးတွေကြားမှာ Cool boysအဖွဲ့ဆိုပြီး နာမည်ပြောင်ရခဲ့တယ်။ Ai God ကတော့ တစ်ခါတစ်လေ Club သွားတယ်။ မိန်းကလေးတွေနဲ့ တွဲသွားတွဲလာ ရှိတတ်ပေမယ့် အတည်တွဲတာမျိုးတော့ မရှိသေးဘူးဗျ။ ကျွန်တော့်မှာတော့ ချစ်သူရှိတယ်။ သူမနာမည်က Pre။ သူမကလှတယ်၊ သူမနဲ့ကျွန်တော်ကို အိမ်ကသဘောတူထားသလို သူမကကျွန်တော့်အပေါ် အရမ်းဂရုစိုက်တယ်ဗျ။ ချစ်လားလို့မေးရင်တော့ ကျွန်တော်မပြောတတ်ပေမယ့် သူမနဲ့ဆိုရင် ကျွန်တော်ပျော်ရတယ်။ အခုတော့ သူမက စင်ကာပူကို အလုပ်ကိစ္စနဲ့ ရောက်နေတယ်။ နှစ်လလောက်ကြာမယ်လို့တော့ ပြောတယ်ဗျ။ ညရောက်တော့ Ai God နဲ့ Ai Tae လာခေါ်လို့ Club ကိုထွက်လာကြတယ်။ Club ရှေ့ရောက်တော့ မလှမ်းမကမ်းမှာ ရန်ပွဲတစ်ခု ဖြစ်နေတာတွေ့ရတယ်။
YOU ARE READING
Bad Baby
Fanfictionကလေးဆိုးလေးကြောင့် အချစ်ဆိုတာကို သိခွင့်ရခဲ့တယ်။ ကျွန်တော့်ဘဝရဲ့ အချစ်ဆုံးလေးဆိုလဲ မမှားဘူး။ baby ဘယ်လိုပဲဆိုးပါစေ ကျွန်တော့်အတွက်တော့ baby က ကျွန်တော့်ဘဝပါပဲ။ #Ki...