♦️Part 4♦️

1.2K 71 9
                                    

Bad baby

Miss. Varadom: "သား Mae ပြောစရာရှိလို့"

Kim: "Khrap Mae ပြောပါ"

Miss. Varadom: "မနက်​ဖြန်​ Star Group က Audition ပြိုင်​ပွဲရှိတယ်​။ Mae ကို ဖိတ်​ထားတယ်​သား။ ဒါပေမယ့်​ Mae အလုပ်​ကိစ္စနဲ့ စင်​ကာပူခဏသွားရမှာဆိုတော့ သားသွားလိုက်​"

Kim: "ဖြစ်​ပါ့မလား Mae သားက အဆိုတော်​မှမရွေးတတ်​တာ"

Miss. Varadom: "သားကလူရွေးစရာ မလိုပါဘူး သွားကြည့်​ပေးရုံပဲ။ ပြီးတော့ Mae တို့ကနိုင်​တဲ့သူကို အဝတ်​အစား sponser ပေးရုံပါပဲ"

Kim: "Khrap Mae! ဘယ်​နှစ်​နာရီ သွားရမှာလဲ"

Miss. Varadom: "မနက်​ ၈နာရီလို့ပြောတယ်​ သား"

Kim: "Khrap Mae သားသွားလိုက်​ပါ့မယ်​"

    ကျွန်​တော်​လဲ Mae ကိုနှုတ်​ဆက်​ပြီး ထွက်​လာခဲ့လိုက်​တယ်​။  Fashion Designer အလုပ်​ကတော့ Mae အကြိုက်​ဆုံးပေါ့။ Mae ကအောင်​မြင်​နေတဲ့ အနုပညာရှင်​တစ်​ချို့ကို အဝတ်​အစား တွေ Sponser ပေးလေ့ရှိတယ်​။ ကျွန်​တော့်​ကိုလဲ ငယ်​ငယ်​ကတည်းက Fashion Design နဲ့ ပတ်​သတ်​ပြီး သင်​ပေးထားလို့ Design တွေအကြောင်းက သိနေပြီဗျ။ မနက်​ရောက်​တော့ Audition ပြိုင်​ပွဲကို ထွက်​လာလိုက်​တယ်​။ မနက်​၈နာရီက အကဲဖြတ်​တဲ့သူတွေကို ဖိတ်​ထားတဲ့အချိန်​ဗျ။ ပြိုင်​ပွဲဝင်​မယ့်​သူတွေက ၈နာရီခွဲမှ လာကြမှာ။ ပြိုင်​ပွဲဝင်​ အနည်းအကျဉ်းကတော့ အစောကြီးရောက်​နေပုံပဲ။ ခဏနေတော့ အပြင်​ဘက်​မှာ ဆူညံနေလို့ အားလုံးရဲ့အကြည့်​တွေက မှန်​ပြတင်းဘက်​ကို ရောက်​သွားကြတယ်​။ မြင်​လိုက်​ရတဲ့ မြင်​ကွင်းက ကောင်​လေးတစ်​ယောက်​ကို ဝိုင်းအားပေးနေတဲ့ ကောင်​မလေးတွေ။ ကောင်​လေးတစ်​ချို့လဲ ပါလာပုံပဲ။ အဆိုတော်​တောင်​ မဖြစ်​သေးဘူး Fanတွေနဲ့ဗျ။ ကျွန်​တော်​လဲ ဆက်​မကြည့်​တော့ပဲ မျက်​နှာလွှဲလိုက်​တယ်​။ လူများရင်​ စိတ်​ရှုပ်​တတ်​တာ ကျွန်​တော့်​ရဲ့အကျင့်​လို ဖြစ်​နေပြီ။ ခဏနေတော့ တံခါးဖွင့်​ပြီး ဝင်​လာသံကြားရတယ်​။ အပြင်​ကနေလဲ အားပေးသံတွေ ကြားနေရတုန်းပဲ။ ပြိုင်​ပွဲဝင်​မယ့်​သူတွေ တစ်​ဖြည်းဖြည်းနဲ့ ရောက်​လာကြတယ်​။ ၈နာရီခွဲမှာ အသံတွေစစ်​တယ်​။ ၉နာရီလောက်​ကျတော့ ခုနဏ Fan အဖွဲ့ရှိတဲ့ကောင်​လေးအလှည့်​ရောက်​လာတယ်​။ သူ့ကိုကျွန်​တော်​ မြင်​ဖူးသလိုပဲ။ ကောင်​လေးကကျွန်​တော်​တို့ကိုမြင်​တော့ ပြုံးပြတယ်​။ သူပြုံးပြတော့ ပါးမှာပေါ်လာတဲ့ ပါးချိုင့်​ကြောင့်​ ကျွန်​တော်​မှတ်​မိသွားတယ်​ဗျ။ Club သွားတဲ့ညက ရန်​ဖြစ်​နေတဲ့ လူဆိုးလေးဗျ။ အဆိုးလေးက အဆိုတော်​လုပ်​မှာဆိုတော့ ဒီနိုင်​ငံက ဂီတအစည်းအရုံးအတွက်​တော့ ရင်​လေးစရာပဲ။

Bad BabyWhere stories live. Discover now